ALP စီးပွားရေး တာဝန်ခံအပါအဝင် လူ ၃ ဦးကို အေကေ ၄၇ သေနတ် ၁၉ နှင့်အတူဖမ်းမိ

ALP စီးပွားရေး တာဝန်ခံအပါအဝင် လူ ၃ ဦးကို အေကေ ၄၇ သေနတ် ၁၉ နှင့်အတူဖမ်းမိ
by -
နိရဥ္စရာ
ကရင်ပြည်နယ် ဘားအံမြို့ မြို့ဝင်ဂိတ်တခုတွင် မသင်္ကာဖွယ်ရာ ယာဉ်တစီးအား ဒီဇင်ဘာ ၉ နေ့ခင်းပိုင်းက ရှာဖွေစစ်ဆေးရာမှ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) စီးပွားရေးတာဝန်ခံ ခိုင်မျိုးသိန်း အပါအဝင် လူ ၃ ဦးကိုအေကေ ၄၇သေနတ်၁၉လက်၊ လက်နက်ခဲယမ်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း News Watch က သတင်းဖော်ပြသည်။

ak47လှိုင်းဘွဲမြို့နယ်ဘက်မှ ဘားအံမြို့သို့ ဦးတည်မောင်းနှင်လသော Pajero ကား 2/G 9598 အား ကရင်ပြည်နယ် ဘားအံမြို့ လှာကမြင်ကျေးရွာအုပ်စု တောင်ကလေးမြို့ဝင်ဂိတ်တွင် မူးယစ် သတင်းတပ်ဖွဲ့က ရှာဖွေစစ်ဆေးစဉ် ဖမ်းဆီမိသည်ဟု ဆိုသည်။

၎င်းလက်နက်များကို ကားထိုင်ခုံအောက်နေရာများတွင် သိုဝှက်သယ်ဆောင်လာခဲ့ကြောင်း၊ AK 47 အမျိုးအစား သေနတ် ၁၉ လက် ကျည်တောင့် ၃၀၀ ကျော် နှင့် အတူ ငွေသား ကျပ်သိန်း ၃၆၀ ကို ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း သတင်းတွင် ဆက်လက် ဖော်ပြသည်။

ကားပေါ်တွင် ALP ရခိုင်လွတ်မြောက်ရေးပါတီမှ စီးပွားရေးတာဝန်ခံ ခိုင်းမျိုးသိန်းပါ နှစ်ဦး စုစုပေါင်း ၃ ဦးလိုက်ပါလာကြောင်း လက်ရှိတွင် ဘားအံမြို့ မှုးယစ်အထူးရဲတပ်ဖွဲ့စခန်းတွင် စစ်ဆေးဆဲ ဖြစ်ကြောင်းသတင်းရရှိကြောင်း News Watch က သတင်းဖော်ပြထားသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...