အကြမ်းဖက်သမားများ၏ မီးရှို့မှုကြောင့် ၀ါးပိတ်ကျေးရွာတွင် အိမ် ၈၀ လုံးခန့်ပျက်စီးခဲ့ဟုဆို

အကြမ်းဖက်သမားများ၏ မီးရှို့မှုကြောင့် ၀ါးပိတ်ကျေးရွာတွင် အိမ် ၈၀ လုံးခန့်ပျက်စီးခဲ့ဟုဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျီးကန်းပြင် အမှတ်(၁) နယ်ခြားစောင့် စခန်း အနီးရှိ ၀ါးပိတ်ကျေးရွာတွင် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ မီးရှို့မှုကြောင့် အိမ်ခြေ ၈၀ လုံး ပျက်စီးသွားကြောင်း သတင်း ရရှိသည်။

ကက(ပြည်)မှ ထုတ်ပြန်သော သတင်းတွင် ၀ါးပိတ်ကျေးရွာအတွင်းသို့ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၁၀ ဦးခန့် ၀င်ရောက်လာသဖြင့် သတင်းအရ ယနေ့ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်က တပ်မတော်နှင့် နယ်ခြားစောင့်ရဲ ပူးပေါင်းတပ်ဖွဲ့မှ သွားရောက် ရှင်းလင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများသည် နေအိမ်များအား မီးရှို့ဖျက်ဆီးပြီး ဇင်ပိုင်ညာရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြသည်ဟု သတင်းတွင် ဖော်ပြသည်။

တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ၀ုိင်းဝန်း မီးငြိမ်းသတ်ခဲ့ရာ ညနေ ၆ နာရီခန့်တွင် မီးညွှန့်ကျိုးသွားခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများသည် အများပြည်သူများ အထင်အမြင် လွဲမှားစေရန်နှင့် ပြည်ပ အဖွဲ့အစည်းများထံမှ အကူအညီ အထောက်ပံ့များ ရရှိစေရန် ရည်ရွယ်၍ ယခုကဲ့သို့ နေအိမ်များကို မီးရှို့နေကြောင်း သိရှိရသည်ဟု ကက(ပြည်) သတင်းတွင် ဖော်ပြသည်။

အကြမ်းဖက်သမားများက မီးရှို့ထားခဲ့သော အိမ်များကို တပ်မတော်သားများက ၀ုိင်းဝန်းငြိမ်းသတ်နေကြသည်ဟု ကက (ပြည်) ကဖော်ပြ

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...