ကက(ပြည်)မှ ထုတ်ပြန်သော သတင်းတွင် ၀ါးပိတ်ကျေးရွာအတွင်းသို့ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၁၀ ဦးခန့် ၀င်ရောက်လာသဖြင့် သတင်းအရ ယနေ့ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်က တပ်မတော်နှင့် နယ်ခြားစောင့်ရဲ ပူးပေါင်းတပ်ဖွဲ့မှ သွားရောက် ရှင်းလင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများသည် နေအိမ်များအား မီးရှို့ဖျက်ဆီးပြီး ဇင်ပိုင်ညာရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြသည်ဟု သတင်းတွင် ဖော်ပြသည်။
တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ၀ုိင်းဝန်း မီးငြိမ်းသတ်ခဲ့ရာ ညနေ ၆ နာရီခန့်တွင် မီးညွှန့်ကျိုးသွားခဲ့သည်ဟု ဆိုသည်။
အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများသည် အများပြည်သူများ အထင်အမြင် လွဲမှားစေရန်နှင့် ပြည်ပ အဖွဲ့အစည်းများထံမှ အကူအညီ အထောက်ပံ့များ ရရှိစေရန် ရည်ရွယ်၍ ယခုကဲ့သို့ နေအိမ်များကို မီးရှို့နေကြောင်း သိရှိရသည်ဟု ကက(ပြည်) သတင်းတွင် ဖော်ပြသည်။
အကြမ်းဖက်သမားများက မီးရှို့ထားခဲ့သော အိမ်များကို တပ်မတော်သားများက ၀ုိင်းဝန်းငြိမ်းသတ်နေကြသည်ဟု ကက (ပြည်) ကဖော်ပြ







