“ စကြားတာက ဒီနေ့နံနက် ၆ နာရီမှ စကြားရတာပါ။ ၈ နာရီ ကျော်ကျော်လောက်မှာ သေနတ်သံတွေ ရပ်သွားပါတယ်။ လက်နက်ကြီး ပစ်ခတ်သံတွေလည်း ကြားရပါတယ်။ လက်နက်ငယ်တွေ အတွဲလိုက် ပစ်ခတ်သံတွေလည်း တော်တော်များများ ကြားရပါတယ်” ဟု တိုက်ပွဲ ဖြစ်ပွားသည့် နေရာနှင့် အနီးဆုံးကျေးရွာ တစ်ရွာဖြစ်သည့် ရွက်ညိုးတောင် ကျေးရွာ အုပ်ချုပ်ရေးမှူးက နိရဥ္စရာသို့ ပြောသည်။
တိုက်ပွဲ ဖြစ်ပွားခဲ့သည့်နေရာမှာ မျော့တောင်နှင့် ပွင့်ဖြူချောင်းအကြား မညင်းတောင် ချိုင်ဘက်က ဖြစ်ကြောင်း၊ ၎င်းပတ်ဝန်းကျင်တွင် ဘင်္ဂလီရွာများ တည်ရှိကြောင်း၊ ၎င်းပြင် ရေခပ်ချောင်း ခွဆုံဘက်ကလည်း ကြားရကြောင်း၊ နေရာ သုံးခုက ကြားရကြောင်း သူက ဆက်လက် ပြောကြားသည်။
“ လက်ရှိ တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက် နယ်မြေ အခြေအနေက ငြိမ်သက်နေပါတယ်။ ဘာတွေဖြစ်နေတယ်။ ဘယ်လို ဖြစ်နေတယ်ဆိုတာကတော့ ပြောလို့ မရသေးဘူး။ ကုလားအကြမ်းဖက်သမားတွေနဲ့ တပ်မတော်စစ်ကြောင်းနဲ့ ဖြစ်တာပါ။ အဲဒီဖြစ်တဲ့ နေရာသုံးခုက ဘင်္ဂလီရွာတွေနဲ့ နီးပါတယ်” ဟု သူက ဆက်လက် ပြောကြားသည်။
အမည်မဖော်လိုသူ မောင်တောမြို့ပေါ်မှ အရာရှိ တစ်ဦးကလည်း တိုက်ပွဲ ဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်း၊ တပ်မတော်မှ ဆက်လက်ရှင်းလင်းမှုများ ပြုလုပ်နေကြောင်း၊ အသေးစိတ် မသိရသေးကြောင်း ပြောကြားသည်။







