မောင်တောမြို့နယ် မြောက်ပိုင်းတွင် ၂ နာရီကျော်ကြာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွား

မောင်တောမြို့နယ် မြောက်ပိုင်းတွင် ၂ နာရီကျော်ကြာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွား
by -
နိရဥ္စရာ
မောင်တောမြို့နယ် မြောက်ပိုင်းတွင် ယနေ့ နံနက် ၆ နာရီမှာ ၈ နာရီကျော်ထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း အနီးအနားကျေးရွာများမှ ဒေသခံများက ပြောကြားသည်။

“ စကြားတာက ဒီနေ့နံနက် ၆ နာရီမှ စကြားရတာပါ။ ၈ နာရီ ကျော်ကျော်လောက်မှာ သေနတ်သံတွေ ရပ်သွားပါတယ်။ လက်နက်ကြီး ပစ်ခတ်သံတွေလည်း ကြားရပါတယ်။ လက်နက်ငယ်တွေ အတွဲလိုက် ပစ်ခတ်သံတွေလည်း တော်တော်များများ ကြားရပါတယ်” ဟု တိုက်ပွဲ ဖြစ်ပွားသည့် နေရာနှင့် အနီးဆုံးကျေးရွာ တစ်ရွာဖြစ်သည့် ရွက်ညိုးတောင် ကျေးရွာ အုပ်ချုပ်ရေးမှူးက နိရဥ္စရာသို့ ပြောသည်။

တိုက်ပွဲ ဖြစ်ပွားခဲ့သည့်နေရာမှာ မျော့တောင်နှင့် ပွင့်ဖြူချောင်းအကြား မညင်းတောင် ချိုင်ဘက်က ဖြစ်ကြောင်း၊ ၎င်းပတ်ဝန်းကျင်တွင် ဘင်္ဂလီရွာများ တည်ရှိကြောင်း၊ ၎င်းပြင် ရေခပ်ချောင်း ခွဆုံဘက်ကလည်း ကြားရကြောင်း၊ နေရာ သုံးခုက ကြားရကြောင်း သူက ဆက်လက် ပြောကြားသည်။

“ လက်ရှိ တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက် နယ်မြေ အခြေအနေက ငြိမ်သက်နေပါတယ်။ ဘာတွေဖြစ်နေတယ်။ ဘယ်လို ဖြစ်နေတယ်ဆိုတာကတော့ ပြောလို့ မရသေးဘူး။ ကုလားအကြမ်းဖက်သမားတွေနဲ့ တပ်မတော်စစ်ကြောင်းနဲ့ ဖြစ်တာပါ။ အဲဒီဖြစ်တဲ့ နေရာသုံးခုက ဘင်္ဂလီရွာတွေနဲ့ နီးပါတယ်” ဟု သူက ဆက်လက် ပြောကြားသည်။

အမည်မဖော်လိုသူ မောင်တောမြို့ပေါ်မှ အရာရှိ တစ်ဦးကလည်း တိုက်ပွဲ ဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်း၊ တပ်မတော်မှ ဆက်လက်ရှင်းလင်းမှုများ ပြုလုပ်နေကြောင်း၊ အသေးစိတ် မသိရသေးကြောင်း ပြောကြားသည်။

April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...
ဓာတ်ပုံ- Human Rights Watch
March 31, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်တွေအခြေစိုက်...
March 30, 2026
မောင်စာဂ — ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ယနေ့ညနေတွင်...