ရခိုင်လူငယ်တစ်ဦး၏ မီးလေးအမည်ရှိ DVD ခွေထွက်ရှိ

ရခိုင်လူငယ်တစ်ဦး၏ မီးလေးအမည်ရှိ DVD ခွေထွက်ရှိ
by -
နိရဥ္စရာ
အမေရိကန်မှ ပြန်လာပြီး သီချင်းခွေ လာလုပ်သည့် ရခိုင်လူငယ် တစ်ဦးဖြစ်သူ Rider ( ရိုက်ဒါ)၏ “ မီးလေး” အမည်ရှိ မြန်မာသီချင်း DVD ခွေသည် ယခုအခါ ထွက်ရှိလာပြီ မြန်မာ တစ်နိုင်ငံလုံးကို နိုဝင်ဘာ ၂၇ ရက်နေ့တွင် စတင်ဖြန့်ချီမည်ဖြစ်ကြောင်း သိရသည်။

the sun music၎င်း DVD ခွေတွင် “ အလင်းပေးပါ၊ အမေသို့ အပြန်၊ မီးလေး၊ ဒဏ်ရာနဲ့အပြန်၊ ရတီ၊ အခံရခက်တဲ့ ၀ဋ်ကြွေး၊ အိမ်အပြန်၊ ငါ့ထိုက်င့ါကံ၊ င့ါဘဝနဲ့ ဂီတ၊ ဆုံကြစို့၊ အလင်းနဲ့အမှောင်” စသည့် သီချင်း ၁၁ ပုဒ်ပါ၀င်သည်။

သီချင်းများကို AMT Music Band တီးခတ်ထားပြီး သီချင်းများကို ရိုက်ဒါ၊ ဗီဇ၊ ဇော်ဇော်၊ ကိုဦးရှည်ကြီး၊ လင်းမော်၊ မြနီ၊ ညီမင်းခိုင် တို့မှ ရေးဖွဲ့ထားသည်။

“ ဒီအခွေကို အထူး ပင်ပန်းခံပြီး ငွေကုန်ကြေးကျလည်း အများကြီး ကုန်ကျခံပြီး လုပ်ထားတာပါ။ ပြောရရင်တော့ နေရာ တစ်နေရာတော့ ရချင်ပါတယ်။ ဒီခွေ ထွက်လာပြီးနောက်ပိုင်း ပရိသတ်တွေဆီက အားပေးမှု၊ နွေးထွေးမှုတွေ၊အသိအမှတ်ပြုမှု တစ်စုံတစ်ရာ ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ရိုက်ဒါမှ နိရဥ္စရာနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ရိုက်ဒါသည် စစ်တွေမြို့ ဇာတိဖြစ်ပြီး အသက် ၁၈နဲ့ ၁၉ နှစ်အရွယ်ကတည်းက ယခုကဲ့သို့ သီချင်းခွေ တစ်ခွေ ထုတ်လိုသော ဆန္ဒရှိခဲ့ကြောင်း၊ မိသားစုများမှာ ဆင်းရဲကြ၍ သီချင်းခွေထုတ်ရန် မတတ်နိုင်ခဲ့ကြောင်း၊ သို့အတွက် အမေရိကန်သို့ ရောက်သွားပြီးနောက် မိမိ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ကြိုးစား အလုပ် လုပ်ပြီး ငွေစုဆောင်းခဲ့ကြောင်း၊ ငွေစုဆောင်းမိသည်နှင့် မြန်မာပြည်သို့ ပြန်လာပြီး သူ၏ ရည်မှန်းချက်ကို အကောင် အထည်ဖော်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ယခု ထွက်ရှိလာသော ရိုက်ဒါ၏ “ မီးလေး” သီချင်းခွေ DVD မှာ အထူးအရည် အသွေးပြည့်မှီပြီး ရိုက်ကူး တင်ဆက်ပုံများမှာလည်း နိုင်ငံတကာ အဆင့်မှီကာ သီချင်များမှာလည်း အထူကောင်းမွန်သဖြင့် လူငယ်များ အကြိုက်တွေ့နိုင်သည့်အခွေဟု ယုံကြည် မျှော်လင့်နေကြောင်း သိရသည်။

January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...