ဒီးမော့ဆိုမှာ စစ်ကော်မရှင်တပ်က ဒရုန်း ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဘုရားကျောင်းပျက်စီး

ဒီးမော့ဆိုမှာ စစ်ကော်မရှင်တပ်က ဒရုန်း ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဘုရားကျောင်းပျက်စီး
ဓါတ်ပုံ - ထွန်းမြန်မာဒိုနေးရှင်း
ဓါတ်ပုံ - ထွန်းမြန်မာဒိုနေးရှင်း

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်က ကျေးရွာတနေရာအနီးအနားကို ဇန်နဝါရီလ ၁၄ ရက်နေ့မှာ စစ်ကော်မရှင်တပ်က ပစ်ခတ်တဲ့ ဒရုန်း ၊ လက်နက်ကြီးတွေကြောင့် ဘုရားကျောင်း ထိမှန် ပျက်စီးခဲ့တယ်လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

“လက်နက်ကြီး ပစ်တယ်ပေါ့။ လက်နက်ကြီးမလာခင်မှာတော့ ဒရုန်းတွေ လာချတာ။ အဲ့ဒါ နေ့လည်က ဒရုန်းနဲ့ ကြဲတာ။ ညနေဖက်တော့ လက်နက်ကြီး ပစ်တာာပေါ့။ ကံကောင်းတော့ လူထုထိခိုက်မှုမရှိခဲ့ဘူး။ ဒါပေမဲ့ လက်နက်ကြီးက ဘုရားကျောင်းထဲကျတော့ ဘုရားကျောင်း နံရံအနည်းငယ်နဲ့ မှန်တွေပျက်စီးသွားတယ်။”လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်အချိန်မှာ ဒရုန်းနဲ့ ၃ ကြိမ် ဗုံးကြဲခဲ့သလို ညနေပိုင်း ၅ နာရီကျော်အချိန်မှာတော့ လွိုင်ကော်မြို့ကနေ လက်နက်ကြီး ပစ်ခတ်တာဖြစ်တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးကျရောက်တဲ့နေရာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူထုတွေသာ ရှိပြီး စစ်ကော်မရှင်က လူထုတွေကို ကြောက်လန့်အောင် ခြောက်လှန့်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

စစ်ကော်မရှင်တပ်က လူထုတွေရှိရာဖက်ကို အခုလို လက်နက်ကြီး ၊ ဒရုန်းနဲ့ ပစ်ခတ်မှုပြုလုပ်တဲ့အပေါ် မြေပြင် တော်လှန်ရေးရဲဘော်တစ်ဦးက အခုလို အသိပေးပြောဆိုထားပါတယ်။

“အဓိကကတော့ စစ်ကော်မရှင်ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်တာတွေကတော့ ဆက်လုပ်နေမှာပဲ။ အဲ့ကြောင့် ထွေထွေထူးထူးပြောစရာတော့မရှိဘူး။ တိုက်ပွဲရှိရှိ၊ မရှိရှိ အသွားအလာ သတိထားဖို့ပဲ ပြောချင်တယ်။”လို့ မြေပြင် တော်လှန်ရေး ရဲဘော် တစ်ဦးက ဆိုပါတယ်။

အလွိုင်ကော်မြို့ပေါ်မှာ ကယားပြည်နယ်နေ့ပွဲ စတင်ကျင်းပတဲ့ရက်ကစပြီး စစ်ကော်မရှင်တပ်က လွိုင်ကော်မြို့ပြင်ကို ‌နေ့စဥ် လက်နက်ကြီး ပစ်ခတ်မှုပြုလုပ်နေတာပါ။ 

( ၇၄ ) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲ အခမ်းအနားကို တက်ရောက်ဖို့ စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက လွိုင်ကော်မြို့ကို ရောက်ရှိလာပြီး မြို့တွင်းမှာ လုံခြုံရေး တင်းကျပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

April 7, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စစ်တပ်ထုပ်ကုန်တွေဖြစ်တဲ့ ဒဂုံဘီယာနဲ့မြန်မာဘီယာ ဖာ ၁၀၀...
April 4, 2026
ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နေ့စဉ် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုတွေ ပုံမှန်ရှိနေတဲ့အတွက် လူထုတွေ...
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတရွာမှာ နေအိမ်တချို့ မီးလောင်ခဲ့စဉ်။ ( ပုံဟောင်းအသုံးပြုထားသည်။ )
April 3, 2026
ကရင်နီပြည်၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာမှာ စစ်ကော်မရှင်တပ် တလကျော်ကြာ...
April 2, 2026
ကရင်နီပြည်မှာ ရှိတဲ့ လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အားကောင်းကောင်းနဲ့...