မောင်တောခရိုင် ပြန်/ဆက်က ပေးပို့သော MOI သတင်းအရ သေဆုံးသူမှာ ရဲဒုတပ်ကြပ် မင်းမင်းစိုး ဖြစ်ပြီး ယာဘက် နံဘေးတွင် သေနတ် ဒဏ်ရာ ၂ ချက်၊ ယာဘက်လက်တွင် ၁ ချက်၊ ယာဘက်လက်ဖျန်ရိုး ၂ ချက်၊ ဝဲနံဘေးတွင် ၁ ချက် သေနတ် ဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာ ရရှိပြီး ဆေးရုံတွင် အတွင်းလူနာ အဖြစ် တင်ထားရသူမှာ ရဲတပ်ကြပ် မျိုးဇော်ကို ဖြစ်ကြောင်းသိရသည်။

သူ့တွင် ရရှိသော သေနတ် ဒဏ်ရာမှာ ဝဲဘက်နံဘေးကို ပေါက်ထွက်ကာ ဝမ်းဗိုက်ထိမှန်ပြီး ညာဘက်ကို ပေါက်ထွက်သွားခဲ့သည်ဟု သိရသည်။ ဒဏ်ရာရရှိပြီး မောင်တောမြို့ပြည်သူ့ ဆေးရုံးကြီးသို့ ည ၉ နာရီ ၂၀ မိနစ်တွင် အရေးပေါ်ခွဲစိတ် ကုသမူ ခံယူနေကြောင်း သိရှိရသည်။
နိုဝင်ဘာလ ညနေ ၅း၄၅ မိနစ်တွင် အမည်မသိ ဘင်္ဂါလီငါးဦးမှ ဆိုင်ကယ်နှစ်စီးဖြင့် စခန်းရှေ့တွင် ရပ်ကာ သေနတ်တိုဖြင့် ၁၀ချက်၁၅ ချက်နီးပါးပစ်ခတ်ခဲ့ရာမှ ယခုလို ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ဖြစ်သည်။







