မောင်တောရဲကင်းစခန်းတိုက်ခိုက်ခံရ၍ သေဆုံးသူနှင့် ဒဏ်ရာရသူမှာ ဒုတပ်ကြပ် အဆင့်ရှိသူများဖြစ်

မောင်တောရဲကင်းစခန်းတိုက်ခိုက်ခံရ၍ သေဆုံးသူနှင့် ဒဏ်ရာရသူမှာ ဒုတပ်ကြပ် အဆင့်ရှိသူများဖြစ်
by -
နိရဥ္စရာ
မောင်တောမြို့နယ်နူရုူလ္လာ ရဲကင်းစခန်းတိုက်ခိုက်ခံရ၍ သေဆုံးသွားသူနှင့် ဒဏ်ရာ ရရှိသူတို့မှာ ဒုတပ်ကြပ်အဆင့်ရှိသူများ ဖြစ်ကြသည်ဟု စုံစမ်းသိရသည်။

မောင်တောခရိုင် ပြန်/ဆက်က ပေးပို့သော MOI သတင်းအရ သေဆုံးသူမှာ ရဲဒုတပ်ကြပ် မင်းမင်းစိုး ဖြစ်ပြီး ယာဘက် နံဘေးတွင် သေနတ် ဒဏ်ရာ ၂ ချက်၊ ယာဘက်လက်တွင် ၁ ချက်၊ ယာဘက်လက်ဖျန်ရိုး ၂ ချက်၊ ဝဲနံဘေးတွင် ၁ ချက် သေနတ် ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာ ရရှိပြီး ဆေးရုံတွင် အတွင်းလူနာ အဖြစ် တင်ထားရသူမှာ ရဲတပ်ကြပ် မျိုးဇော်ကို ဖြစ်ကြောင်းသိရသည်။

njr05021

သူ့တွင် ရရှိသော သေနတ် ဒဏ်ရာမှာ ဝဲဘက်နံဘေးကို ပေါက်ထွက်ကာ ဝမ်းဗိုက်ထိမှန်ပြီး ညာဘက်ကို ပေါက်ထွက်သွားခဲ့သည်ဟု သိရသည်။ ဒဏ်ရာရရှိပြီး မောင်တောမြို့ပြည်သူ့ ဆေးရုံးကြီးသို့ ည ၉ နာရီ ၂၀ မိနစ်တွင် အရေးပေါ်ခွဲစိတ် ကုသမူ ခံယူနေကြောင်း သိရှိရသည်။

နိုဝင်ဘာလ ညနေ ၅း၄၅ မိနစ်တွင် အမည်မသိ ဘင်္ဂါလီငါးဦးမှ ဆိုင်ကယ်နှစ်စီးဖြင့် စခန်းရှေ့တွင် ရပ်ကာ သေနတ်တိုဖြင့် ၁၀ချက်၁၅ ချက်နီးပါးပစ်ခတ်ခဲ့ရာမှ ယခုလို ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ဖြစ်သည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...