မောင်တောရဲကင်းစခန်းတိုက်ခိုက်ခံရ၍ သေဆုံးသူနှင့် ဒဏ်ရာရသူမှာ ဒုတပ်ကြပ် အဆင့်ရှိသူများဖြစ်

မောင်တောရဲကင်းစခန်းတိုက်ခိုက်ခံရ၍ သေဆုံးသူနှင့် ဒဏ်ရာရသူမှာ ဒုတပ်ကြပ် အဆင့်ရှိသူများဖြစ်
by -
နိရဥ္စရာ
မောင်တောမြို့နယ်နူရုူလ္လာ ရဲကင်းစခန်းတိုက်ခိုက်ခံရ၍ သေဆုံးသွားသူနှင့် ဒဏ်ရာ ရရှိသူတို့မှာ ဒုတပ်ကြပ်အဆင့်ရှိသူများ ဖြစ်ကြသည်ဟု စုံစမ်းသိရသည်။

မောင်တောခရိုင် ပြန်/ဆက်က ပေးပို့သော MOI သတင်းအရ သေဆုံးသူမှာ ရဲဒုတပ်ကြပ် မင်းမင်းစိုး ဖြစ်ပြီး ယာဘက် နံဘေးတွင် သေနတ် ဒဏ်ရာ ၂ ချက်၊ ယာဘက်လက်တွင် ၁ ချက်၊ ယာဘက်လက်ဖျန်ရိုး ၂ ချက်၊ ဝဲနံဘေးတွင် ၁ ချက် သေနတ် ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာ ရရှိပြီး ဆေးရုံတွင် အတွင်းလူနာ အဖြစ် တင်ထားရသူမှာ ရဲတပ်ကြပ် မျိုးဇော်ကို ဖြစ်ကြောင်းသိရသည်။

njr05021

သူ့တွင် ရရှိသော သေနတ် ဒဏ်ရာမှာ ဝဲဘက်နံဘေးကို ပေါက်ထွက်ကာ ဝမ်းဗိုက်ထိမှန်ပြီး ညာဘက်ကို ပေါက်ထွက်သွားခဲ့သည်ဟု သိရသည်။ ဒဏ်ရာရရှိပြီး မောင်တောမြို့ပြည်သူ့ ဆေးရုံးကြီးသို့ ည ၉ နာရီ ၂၀ မိနစ်တွင် အရေးပေါ်ခွဲစိတ် ကုသမူ ခံယူနေကြောင်း သိရှိရသည်။

နိုဝင်ဘာလ ညနေ ၅း၄၅ မိနစ်တွင် အမည်မသိ ဘင်္ဂါလီငါးဦးမှ ဆိုင်ကယ်နှစ်စီးဖြင့် စခန်းရှေ့တွင် ရပ်ကာ သေနတ်တိုဖြင့် ၁၀ချက်၁၅ ချက်နီးပါးပစ်ခတ်ခဲ့ရာမှ ယခုလို ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ဖြစ်သည်။

January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...