Published
Saturday, November 05, 2016
မောင်တောမြို့နယ် နူရူလာ ရဲကင်းစခန်းအား လာရောက်တိုက်ခိုက် ရဲတစ်ဦးသေ တစ်ဦးဒဏ်ရာရ
မောင်တောမြို့မှ ၃ မိုင်ခန့်အကွာရှိ နူရူလာ ရဲကင်းစခန်းအားယနေ့ ညနေ ၆ နာရီခန့်တွင် လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်မှုများဖြစ်ပွားရာ ရဲတပ်သားတစ်ဦးသေ တစ်ဦးဒဏ်ရာရှိကြောင်းစုံစမ်းသိရသည်။
ရဲကင်းစခန်းရှေ့ ကင်းသမား နှစ်ဦး ကင်းစောင့်နေသည့် နေရာအနီးသို့ ဆိုင်ကယ်သုံးစီးဖြင့် လာရောက်ကာ ပစ်ခတ်ခဲ့ခြင်းပြီး တစ်ဦးသေ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်မလိုသူ ရဲအရာရှီ တစ်ဦးမှ နိရဥ္စရာသို့ အတည်ပြုပြောဆိုသည်။
လက်နက်သံကြောင့် အခြားတပ်သားများ ထွက်လာပြီးပြန်လည်ပစ်ခတ်ရာ လာရောက်တိုက်ခိုက်သူများ ဒဏ်ရာရကာ ထွက်ပြေးသွားကြောင်း၎င်းကဆိုသည်။
လာရောက် တိုက်ခိုက်သူများထွက်ပြေးသွားရာ ဆိုင်ကယ်များနှင့် အတူ ဓာတ်ဆီ ထည့် ထားသည့် လက်လုပ်ဗုံး အချို့တို့ကိုသိမ်း ဆည်းရမိခဲ့ကာ သေဆုံးသူနှင့် ဒဏ်ရာရှိသည့် ရဲတပ်သားကို မောင်တောမြို့နယ်ပြည်သူ့ဆေးရုံသို့ပိုဆောင် ထားပြီဖြစ်ကြောင်းသိရသည်။







