မောင်တောမြို့နယ် နူရူလာ ရဲကင်းစခန်းအား လာရောက်တိုက်ခိုက် ရဲတစ်ဦးသေ တစ်ဦးဒဏ်ရာရ

မောင်တောမြို့နယ် နူရူလာ ရဲကင်းစခန်းအား လာရောက်တိုက်ခိုက် ရဲတစ်ဦးသေ တစ်ဦးဒဏ်ရာရ
by -
နိရဥ္စရာ
မောင်တောမြို့မှ ၃ မိုင်ခန့်အကွာရှိ နူရူလာ ရဲကင်းစခန်းအားယနေ့ ညနေ ၆ နာရီခန့်တွင် လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်မှုများဖြစ်ပွားရာ ရဲတပ်သားတစ်ဦးသေ တစ်ဦးဒဏ်ရာရှိကြောင်းစုံစမ်းသိရသည်။

 ရဲကင်းစခန်းရှေ့ ကင်းသမား နှစ်ဦး ကင်းစောင့်နေသည့် နေရာအနီးသို့ ဆိုင်ကယ်သုံးစီးဖြင့် လာရောက်ကာ ပစ်ခတ်ခဲ့ခြင်းပြီး တစ်ဦးသေ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်မလိုသူ ရဲအရာရှီ တစ်ဦးမှ နိရဥ္စရာသို့ အတည်ပြုပြောဆိုသည်။

 လက်နက်သံကြောင့် အခြားတပ်သားများ ထွက်လာပြီးပြန်လည်ပစ်ခတ်ရာ လာရောက်တိုက်ခိုက်သူများ ဒဏ်ရာရကာ ထွက်ပြေးသွားကြောင်း၎င်းကဆိုသည်။

လာရောက် တိုက်ခိုက်သူများထွက်ပြေးသွားရာ ဆိုင်ကယ်များနှင့် အတူ  ဓာတ်ဆီ ထည့် ထားသည့် လက်လုပ်ဗုံး အချို့တို့ကိုသိမ်း ဆည်းရမိခဲ့ကာ သေဆုံးသူနှင့် ဒဏ်ရာရှိသည့် ရဲတပ်သားကို မောင်တောမြို့နယ်ပြည်သူ့ဆေးရုံသို့ပိုဆောင် ထားပြီဖြစ်ကြောင်းသိရသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...