ထွေအုပ်၊ ရဲတပ်ဖွဲ့ အပါအဝင် ဌာန ၅ ခု အရပ်ဖက်အုပ်ချုပ်ရေးအောက်သို့ပြောင်း

ထွေအုပ်၊ ရဲတပ်ဖွဲ့ အပါအဝင် ဌာန ၅ ခု အရပ်ဖက်အုပ်ချုပ်ရေးအောက်သို့ပြောင်း
by -
နိရဥ္စရာ
ယခင်ပြည်ထဲရေးဝန်ကြီးဌာန အောက်တွင် ရှိနေသော  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ကို ယခုအခါ ပြည်နယ်နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်များ၏ ကွပ်ကဲမှုအောက်မှာ ထားရှိတော့မည်ဟု သတင်း ရရှိသည်။

ထိုသို့ ထားရှိရန် ပြည်ထဲရေးဝန်ကြီးက သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များထံ စာပေးပို့ထားသည်ဟု သိရသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုက  “ ယခုကဲ့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်များ၏ ကွပ်ကဲမှုအောက်တွင် ထားရှိခြင်းဖြင့် အစိုးရအဖွဲ့အတွင်း လုပ်ကိုင်တဲ့ အခါ သီးခြားစီ  ဖြစ်မနေတော့ဘဲ လုပ်ရ ကိုင်ရ အဆင်ပြေသွားတယ်” ဟု ဘီဘီစီကို ပြောကြားသွားခဲ့သည်။

သို့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအရ ပြင်ဆင်ရန် လိုအပ်နေသေးကြောင်း၊ သို့သော်လည်း လိုအပ်ချက်အရ ယခုလို အလျင်အမြန် လွဲပြောင်းပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...