ထွေအုပ်၊ ရဲတပ်ဖွဲ့ အပါအဝင် ဌာန ၅ ခု အရပ်ဖက်အုပ်ချုပ်ရေးအောက်သို့ပြောင်း

ထွေအုပ်၊ ရဲတပ်ဖွဲ့ အပါအဝင် ဌာန ၅ ခု အရပ်ဖက်အုပ်ချုပ်ရေးအောက်သို့ပြောင်း
by -
နိရဥ္စရာ
ယခင်ပြည်ထဲရေးဝန်ကြီးဌာန အောက်တွင် ရှိနေသော  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ကို ယခုအခါ ပြည်နယ်နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်များ၏ ကွပ်ကဲမှုအောက်မှာ ထားရှိတော့မည်ဟု သတင်း ရရှိသည်။

ထိုသို့ ထားရှိရန် ပြည်ထဲရေးဝန်ကြီးက သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များထံ စာပေးပို့ထားသည်ဟု သိရသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုက  “ ယခုကဲ့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်များ၏ ကွပ်ကဲမှုအောက်တွင် ထားရှိခြင်းဖြင့် အစိုးရအဖွဲ့အတွင်း လုပ်ကိုင်တဲ့ အခါ သီးခြားစီ  ဖြစ်မနေတော့ဘဲ လုပ်ရ ကိုင်ရ အဆင်ပြေသွားတယ်” ဟု ဘီဘီစီကို ပြောကြားသွားခဲ့သည်။

သို့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအရ ပြင်ဆင်ရန် လိုအပ်နေသေးကြောင်း၊ သို့သော်လည်း လိုအပ်ချက်အရ ယခုလို အလျင်အမြန် လွဲပြောင်းပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...