Published
Monday, August 29, 2016
ထွေအုပ်၊ ရဲတပ်ဖွဲ့ အပါအဝင် ဌာန ၅ ခု အရပ်ဖက်အုပ်ချုပ်ရေးအောက်သို့ပြောင်း
ယခင်ပြည်ထဲရေးဝန်ကြီးဌာန အောက်တွင် ရှိနေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ကို ယခုအခါ ပြည်နယ်နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်များ၏ ကွပ်ကဲမှုအောက်မှာ ထားရှိတော့မည်ဟု သတင်း ရရှိသည်။
ထိုသို့ ထားရှိရန် ပြည်ထဲရေးဝန်ကြီးက သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များထံ စာပေးပို့ထားသည်ဟု သိရသည်။
ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုက “ ယခုကဲ့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်များ၏ ကွပ်ကဲမှုအောက်တွင် ထားရှိခြင်းဖြင့် အစိုးရအဖွဲ့အတွင်း လုပ်ကိုင်တဲ့ အခါ သီးခြားစီ ဖြစ်မနေတော့ဘဲ လုပ်ရ ကိုင်ရ အဆင်ပြေသွားတယ်” ဟု ဘီဘီစီကို ပြောကြားသွားခဲ့သည်။
သို့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအရ ပြင်ဆင်ရန် လိုအပ်နေသေးကြောင်း၊ သို့သော်လည်း လိုအပ်ချက်အရ ယခုလို အလျင်အမြန် လွဲပြောင်းပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။







