၎င်းကျောက်တုံးများကို မောင်တော- တက်ကနက် နယ်ခြား ကုန်သွယ်ရေး လုပ်ငန်းမှ တစ်ဆင့် တက်ကနက် ဆိပ်ကမ်းကို အသုံးပြုကာ ပို့ဆောင်နေသည်ဟု သတင်းတွင် ဖော်ပြသည်။
မြန်မာနိုင်ငံမှ လမ်းခင်း၊ တံတားချဉ်းကပ် လုပ်ရာတွင် အသုံးပြုရန် ကျောက်တုံး မက်ထရစ်တန်ချိန် ၄ သန်း တင်ပို့ရန် သဘောတူညီထားပြီး လက်ရှိ အချိန်တွင် တန်ချိန် ၁၁၀ တက်ကနက် ဆိပ်ကမ်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
၎င်းကျောက်များကို Dhaka Path-mark Engineering Services Limited ကတင်သွင်းနေခြင်း ဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။
၎င်းကျောက်များကို ရခိုင်ပြည်နယ် အစိုးရနှင့် နှစ်ဘက် ကုန်သွယ်မှု သဘောတူညီမှု အရ တင်ပို့နေခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ် အနှံ့အပြားရှိ ကျောက်များ ထုတ်ယူတင်ပို့နေခြင်း ဖြစ်သည်ဟု သတင်းတွင် ရေးသား ဖော်ပြထားသည်။
ရခိုင်ပြည်နယ်က ကျွဲ၊နွား၊ သစ်၊ ကြိမ်၊ ၀ါး၊ ဓနိဓ ပုဇွန် စသည်တို့ကို ဘင်္ဂလာဒေ့ရှ်သို့ တင်ပို့နေပြီး ယခု ကျောက်များကို တင်ပို့မှုမှာ စီးပွားရေး လုပ်ငန်းသစ် ဖြစ်ကြောင်း သိရသည်။







