မြန်မာမှ လမ်းခင်းကျောက် တန်ချိန် (၄) သန်း ဘင်္ဂလာဒေ့ရှ်ကိုတင်ပို့မည်

မြန်မာမှ လမ်းခင်းကျောက် တန်ချိန် (၄) သန်း ဘင်္ဂလာဒေ့ရှ်ကိုတင်ပို့မည်
by -
နိရဥ္စရာ
ဘင်္ဂလာဒေ့ရှ််တွင် တည်ဆောက်နေသော နိုင်ငံ၏ အရှည်ဆုံး ပတ်ဒမ (Padama) တံတားအတွက် မြန်မာနိုင်ငံမှ လမ်းခင်း ကျောက်များကို တင်ပို့နေပြီး တန်ချိန် ၄ သန်းထိ တင်သွင်းမည် ဖြစ်ကြောင်း  Cox’bazar news တွင် ဘင်္ဂလီလို သတင်းဖော်ပြသည်။

၎င်းကျောက်တုံးများကို မောင်တော- တက်ကနက် နယ်ခြား ကုန်သွယ်ရေး လုပ်ငန်းမှ တစ်ဆင့် တက်ကနက် ဆိပ်ကမ်းကို အသုံးပြုကာ ပို့ဆောင်နေသည်ဟု သတင်းတွင် ဖော်ပြသည်။

မြန်မာနိုင်ငံမှ လမ်းခင်း၊ တံတားချဉ်းကပ် လုပ်ရာတွင် အသုံးပြုရန် ကျောက်တုံး မက်ထရစ်တန်ချိန် ၄ သန်း တင်ပို့ရန် သဘောတူညီထားပြီး လက်ရှိ အချိန်တွင် တန်ချိန် ၁၁၀ တက်ကနက် ဆိပ်ကမ်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

၎င်းကျောက်များကို Dhaka Path-mark Engineering Services Limited ကတင်သွင်းနေခြင်း ဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။

၎င်းကျောက်များကို ရခိုင်ပြည်နယ် အစိုးရနှင့် နှစ်ဘက် ကုန်သွယ်မှု သဘောတူညီမှု အရ  တင်ပို့နေခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ် အနှံ့အပြားရှိ ကျောက်များ ထုတ်ယူတင်ပို့နေခြင်း ဖြစ်သည်ဟု သတင်းတွင် ရေးသား ဖော်ပြထားသည်။

ရခိုင်ပြည်နယ်က ကျွဲ၊နွား၊ သစ်၊ ကြိမ်၊ ၀ါး၊ ဓနိဓ ပုဇွန် စသည်တို့ကို ဘင်္ဂလာဒေ့ရှ်သို့ တင်ပို့နေပြီး ယခု ကျောက်များကို တင်ပို့မှုမှာ စီးပွားရေး လုပ်ငန်းသစ် ဖြစ်ကြောင်း သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...