မင်းပြားတွင် လူငါးဆယ်ကျော် အစာအဆိပ်သင့် ဆေးရုံတင်ရ

မင်းပြားတွင် လူငါးဆယ်ကျော် အစာအဆိပ်သင့် ဆေးရုံတင်ရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မင်းပြားမြိုတွင် အစာအဆိပ်သင့်၍ လူပေါင်း ၅၀ ကျော်ကို ဆေးရုံတင်ထားရသည်ဟု သတင်း ရရှိသည်။

Minbya 1ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး မင်းပြားပြည်သူဆေးရုံကို မေးမြန်ရာ တာဝန်ရှိသူတစ်ဦးက  “ဟုတ်ပါတယ်။  ဒီမနက်မှာ ဖြစ်တာပါ။ အစာအဆိပ်သင့်တာပါ။ ဘာကြောင့်ဆိုတာတော့ ကောက်ချက်ချလို့မရသေးပါဘူး။ လော လောဆယ်တော့ ဆေးရုံတင်ထားရတာ ၅၅ ဦးရှိသွားပါပြီ။ အသေအပျောက်တော့ မရှိပါဘူး။ အော့အန်တာလောက်ဘဲ ရှိပါတယ်” ဟု နိရဥ္ဇရာသို့ ပြောသည်။

မင်းပြားမြို့ စျေးချေရပ်ကွက် မင်းဘာကြီးလမ်းတွင် ရောင်းချနေသည့် ထမင်းကြော်ကို စားရာမှ ယခုလို အစာအဆိပ်သင့်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း မင်းပြားမြို့ ဒုစခန်းမှူး ဦးစိန်ထွန်းဦးက ပြောသည်။

“ ဖြစ်တာတော့ ဟုတ်ပါတယ်။ ကျွန်တော်တို့ ဆေးကုသမှုခံယူနေရသူတွေကတော့ စျေးချေရပ်ကွက်နေ ကျား ၂၆ ဦးနဲ့ မ၂၁ ဦး၊ စုစုပေါင်း ၄၇ ဦး စာရင်းရထားပါတယ်။ ထပ်တိုးလာတဲ့ အနေအထားလည်းရှိနေပါတယ်။ ကျွန်တော်တို့ စာရင်း ကောက်ယူ နေတုန်းပါ” ဟု ဒုစခန်းမှူး ဦးစိန်ထွန်းဦးက နိရဥ္ဇရာသို့ပြောသည်။

လက်ရှိအချိန်တွင် ဆေးကုသမှုခံယူနေပြီး အော့အန်မှုများ ဆက်လက် ရှိနေကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သတ်ပြီး  ဆေးစစ်မှတ် တမ်းပြီးမှသာ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ရမည်ဖြစ်ကြောင်း ဦးစိန်ထွန်းဦးမှ ဆက်ပြောသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...