မင်းပြားတွင် လူငါးဆယ်ကျော် အစာအဆိပ်သင့် ဆေးရုံတင်ရ

မင်းပြားတွင် လူငါးဆယ်ကျော် အစာအဆိပ်သင့် ဆေးရုံတင်ရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မင်းပြားမြိုတွင် အစာအဆိပ်သင့်၍ လူပေါင်း ၅၀ ကျော်ကို ဆေးရုံတင်ထားရသည်ဟု သတင်း ရရှိသည်။

Minbya 1ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး မင်းပြားပြည်သူဆေးရုံကို မေးမြန်ရာ တာဝန်ရှိသူတစ်ဦးက  “ဟုတ်ပါတယ်။  ဒီမနက်မှာ ဖြစ်တာပါ။ အစာအဆိပ်သင့်တာပါ။ ဘာကြောင့်ဆိုတာတော့ ကောက်ချက်ချလို့မရသေးပါဘူး။ လော လောဆယ်တော့ ဆေးရုံတင်ထားရတာ ၅၅ ဦးရှိသွားပါပြီ။ အသေအပျောက်တော့ မရှိပါဘူး။ အော့အန်တာလောက်ဘဲ ရှိပါတယ်” ဟု နိရဥ္ဇရာသို့ ပြောသည်။

မင်းပြားမြို့ စျေးချေရပ်ကွက် မင်းဘာကြီးလမ်းတွင် ရောင်းချနေသည့် ထမင်းကြော်ကို စားရာမှ ယခုလို အစာအဆိပ်သင့်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း မင်းပြားမြို့ ဒုစခန်းမှူး ဦးစိန်ထွန်းဦးက ပြောသည်။

“ ဖြစ်တာတော့ ဟုတ်ပါတယ်။ ကျွန်တော်တို့ ဆေးကုသမှုခံယူနေရသူတွေကတော့ စျေးချေရပ်ကွက်နေ ကျား ၂၆ ဦးနဲ့ မ၂၁ ဦး၊ စုစုပေါင်း ၄၇ ဦး စာရင်းရထားပါတယ်။ ထပ်တိုးလာတဲ့ အနေအထားလည်းရှိနေပါတယ်။ ကျွန်တော်တို့ စာရင်း ကောက်ယူ နေတုန်းပါ” ဟု ဒုစခန်းမှူး ဦးစိန်ထွန်းဦးက နိရဥ္ဇရာသို့ပြောသည်။

လက်ရှိအချိန်တွင် ဆေးကုသမှုခံယူနေပြီး အော့အန်မှုများ ဆက်လက် ရှိနေကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သတ်ပြီး  ဆေးစစ်မှတ် တမ်းပြီးမှသာ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ရမည်ဖြစ်ကြောင်း ဦးစိန်ထွန်းဦးမှ ဆက်ပြောသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...