အကူအညီပေးမည့်ကျေးရွာပေါင်း ၆၀ ကျော်ခန့်ရှိမည်ဖြစ်ပြီး မင်းပြားနှင့် မြောက်ဦးမြို့နယ်ရှိ ကျေးရွာများသို့ အဓိက အကူအညီ ပေးသွားမည်ဟု သိရသည်။

အဆိုပါကျေးရွာများသို့ အကူအညီသွားပေးမည့် ပစ္စည်းများမှာ
၁။ ဆန်အိတ် ၈၀၀ ( တစ်တောင်း အိတ်ပြုလုပ်ပြီး စုစုပေါင်းဆန်အိတ်ငယ် ၃၂၀၀ အိတ်)
၂။ ဆား အိတ် ၅၀ ( စုစုပေါင်း ၂၅၀၀ ပိဿာ )
၃။ ကြက်သွန် အိတ် ၂၇ ( စုစုပေါင်း ၈၀၀ ပိဿာ )
၄။ ပဲ ၅၇ အိတ် ( စုစုပေါင်း ၃၀၀၀ ပိဿာ )
၅။ဆပ်ပြာမှုန့် ၃၀ အိတ် (စုစုပေါင်း အထုပ်ငယ် ၅၀၀၀ )
၆။ ဓာတ်ဆား ရ အိတ် (စုစုပေါင်း အထုပ်ငယ် ရ၁၅၀ )
၇။ ငရုပ်သီးခြောက် ၁၀ အိတ် ( အထုပ်ငယ် ၅၀၀၀ )
၈။ သစ်သီးဓာတ်ဆား ၁၅ ဖာ
၉။ ပဲဆီ ၂၀၀ ဖာ ( ၁ လီတာပုလင်း ၂၅၀၀ လုံး )
၁၀။ မာမီးခေါက်ဆွဲ ၆၀ ဖာ ( အထုပ်ငယ်ပေါင်း ၁၀၀၀၀ ) တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ အကူအညီသွားပေးရာတွင် ဦးဆောင်သူများမှာ ဆရာကြီး ဦးလှဖေ၊ ဆရာ ဦးအောင်သန်းနှင့် ဆရာ ဦးဝင်းစံတို့ဖြစ်ကြောင်းသိရသည်။
အကူအညီသွားပေးရခြင်းနှင့် ပတ်သက်၍ ဆရာ ကိုစံသိန်းက နိရဥ္စရာသတင်းဌာနသို့ အောက်ပါအတိုင်း ပြောကြားသည်။

“အားမာန် ကရာတေး ကျို့(ခ်)ရှင်းက ရခိုင်ပြည်နယ်မှာ အခြေစိုက်နေတာကိုး၊ ကိုယ့်ပြည်မှာရှိတဲ့ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီဖို့ ကျနော်တို့မှာ အရင်ကတည်းက ဆန္ဒရှိပါတယ်။ အဲ့ဒီလို ရည်ရွယ်ချက်တွေနဲ့ပဲ အသင်းတွေကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အခုလည်း ကျနော်တို့ ရခိုင်လူမျိုးတွေဟာ အငတ်ဘေးတွေနဲ့ ကြံုတွေ့ နေရတယ်ဆိုပြီးတော့ ကြားသိရတဲ့အတွက် ဆရာကြီး ဦးလှဖေတို့၊ ဆရာ ဦးအောင်သန်းတို့၊ နောက်ပြီးတော့ ဆရာ ဦးဝင်းစံတို့က ဦးဆောင်ပြီးတော့ ဒီလူတွေကို သွားလှူကြရမယ်ဆိုပြီးတော့ အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း သွားလှူဖို့ စီစဉ်ရတာဖြစ်ပါတယ်”ဟု ဆိုသည်။
၂၀၁၅ ခုနှစ် ရခိုင်ပြည်နယ်တွင် ရေနစ်မြုပ်စဉ်တုန်းကလည်း ကျို့(ခ်) ရှင်း ကရာတေး ရခိုင်မိသားစုမှ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်များသို့ အကူအညီသွားပေးခဲ့သည့်အပြင် ခရီးသွားလာရခက်ခဲသော နေရာများသို့လည်း ကိုယ်တိုင်သွားရောက် အကူအညီ ပေးခဲ့ကြသည်ဟု သိရှိရသည်။







