ရခိုင်ပြည်နယ် ကျို့(ခ်)ရှင်း ကရာတေး မိသားစုမှ ရေဘေးသင့်ကျေးရွာများသို့ အကူအညီ သွားပေး

ရခိုင်ပြည်နယ် ကျို့(ခ်)ရှင်း ကရာတေး မိသားစုမှ ရေဘေးသင့်ကျေးရွာများသို့ အကူအညီ သွားပေး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျို့(ခ်) ရှင်း ကရာတေး မိသားစုမှ မကြာသေးမီက ရေလွှမ်းမိုးမှု ခံခဲ့ရသော ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်များ ရှိ ကျေးရွာများသို့ အကူအညီသွားပေးရန် ဇူလိုင်လ ၉ ရက်နေ့ ညနေဘက်တွင် စစ်တွေမြို့မှ စတင် ထွက်ခွာသွားပြီဟု သတင်းရရှိသည်။

အကူအညီပေးမည့်ကျေးရွာပေါင်း ၆၀ ကျော်ခန့်ရှိမည်ဖြစ်ပြီး မင်းပြားနှင့် မြောက်ဦးမြို့နယ်ရှိ ကျေးရွာများသို့ အဓိက အကူအညီ ပေးသွားမည်ဟု သိရသည်။

114

အဆိုပါကျေးရွာများသို့ အကူအညီသွားပေးမည့် ပစ္စည်းများမှာ

၁။ ဆန်အိတ် ၈၀၀ ( တစ်တောင်း အိတ်ပြုလုပ်ပြီး စုစုပေါင်းဆန်အိတ်ငယ် ၃၂၀၀ အိတ်)
၂။ ဆား အိတ် ၅၀ ( စုစုပေါင်း ၂၅၀၀ ပိဿာ )
၃။ ကြက်သွန် အိတ် ၂၇ ( စုစုပေါင်း ၈၀၀ ပိဿာ )
၄။ ပဲ ၅၇ အိတ် ( စုစုပေါင်း ၃၀၀၀ ပိဿာ )
၅။ဆပ်ပြာမှုန့် ၃၀ အိတ် (စုစုပေါင်း အထုပ်ငယ် ၅၀၀၀ )
၆။ ဓာတ်ဆား ရ အိတ် (စုစုပေါင်း အထုပ်ငယ် ရ၁၅၀ )
၇။ ငရုပ်သီးခြောက် ၁၀ အိတ် ( အထုပ်ငယ် ၅၀၀၀ )
၈။ သစ်သီးဓာတ်ဆား ၁၅ ဖာ
၉။ ပဲဆီ ၂၀၀ ဖာ ( ၁ လီတာပုလင်း ၂၅၀၀ လုံး )
၁၀။ မာမီးခေါက်ဆွဲ ၆၀ ဖာ ( အထုပ်ငယ်ပေါင်း ၁၀၀၀၀ ) တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ အကူအညီသွားပေးရာတွင် ဦးဆောင်သူများမှာ ဆရာကြီး ဦးလှဖေ၊ ဆရာ ဦးအောင်သန်းနှင့် ဆရာ ဦးဝင်းစံတို့ဖြစ်ကြောင်းသိရသည်။

အကူအညီသွားပေးရခြင်းနှင့် ပတ်သက်၍ ဆရာ ကိုစံသိန်းက နိရဥ္စရာသတင်းဌာနသို့ အောက်ပါအတိုင်း ပြောကြားသည်။

111

“အားမာန် ကရာတေး ကျို့(ခ်)ရှင်းက ရခိုင်ပြည်နယ်မှာ အခြေစိုက်နေတာကိုး၊ ကိုယ့်ပြည်မှာရှိတဲ့ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီဖို့ ကျနော်တို့မှာ အရင်ကတည်းက ဆန္ဒရှိပါတယ်။ အဲ့ဒီလို ရည်ရွယ်ချက်တွေနဲ့ပဲ အသင်းတွေကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အခုလည်း ကျနော်တို့ ရခိုင်လူမျိုးတွေဟာ အငတ်ဘေးတွေနဲ့ ကြံုတွေ့ နေရတယ်ဆိုပြီးတော့ ကြားသိရတဲ့အတွက် ဆရာကြီး ဦးလှဖေတို့၊ ဆရာ ဦးအောင်သန်းတို့၊ နောက်ပြီးတော့ ဆရာ ဦးဝင်းစံတို့က ဦးဆောင်ပြီးတော့ ဒီလူတွေကို သွားလှူကြရမယ်ဆိုပြီးတော့ အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း သွားလှူဖို့ စီစဉ်ရတာဖြစ်ပါတယ်”ဟု ဆိုသည်။

၂၀၁၅ ခုနှစ် ရခိုင်ပြည်နယ်တွင် ရေနစ်မြုပ်စဉ်တုန်းကလည်း ကျို့(ခ်) ရှင်း ကရာတေး ရခိုင်မိသားစုမှ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်များသို့ အကူအညီသွားပေးခဲ့သည့်အပြင် ခရီးသွားလာရခက်ခဲသော နေရာများသို့လည်း ကိုယ်တိုင်သွားရောက် အကူအညီ ပေးခဲ့ကြသည်ဟု သိရှိရသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...