တက်ကနက်မြို့တွင် ယာဘားဆေးပြား အလုံးရေ သုံးသိန်း ဖမ်းမိ

တက်ကနက်မြို့တွင် ယာဘားဆေးပြား အလုံးရေ သုံးသိန်း ဖမ်းမိ
မြန်မာနယ်စပ်အနီးရှိ ဘင်္ဂလာဒေ့ရှ် နိုင်ငံ တက်ကနက်မြို့တွင် ယမန်နေ့က ယာဘားခေါ် စိတ်ကြွဆေးပြား အလုံးရေ သုံးသိန်း ဖမ်းမိကြောင်း သတင်း ရရှိသည်။ ၎င်းဆေးပြားများအား တက်ကနက်မြို့ ပါလနာရပ်ကွက်ဟောင်းရှိ လူမနေသောအိမ်တစ်လုံး အထဲမှ ဇွန်လ ၂၃ ရက်နေ့ နေ့လယ်က သတင်အရ ၀င်ရောက် ရှာဖွေစဉ် ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်း တက်ကနက်မြို့ အခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) တပ်မှူး ဒုတိယ ဗိုလ်မှူးကြီး Mohammad Abuja Al Zahid က ပြောသည်။

ဆေးပြားရောင်းဝယ်ဖောက်ကားရောင်းဝယ်သူများ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

၎င်းဆေးပြားသုံးသိန်း၏ လက်ရှိတန်ဖိုးမှာ တာကာ ၉ ကုဋေဖိုး တန်ဖိုးရှိကြောင်း ၎င်းတပ်မှူးက ပြောသည်။

တက်ကနက်မြို့သည် မြန်မာဘက်မှ မောင်တောမြိုနှင့် မျက်နာချင်းဆိုင် နတ်မြစ် တစ်ဘက်ကမ်းတွင် တည်ရှိပြီး မြန်မာနိုင်ငံမှ စိတ်ကြွဆေးပြားများ ဘင်္ဂလာဒေ့ရှ်သို့ မှောင်ခိုတင်ပို့ရာတွင် အဓိက လမ်းကြောင်းတွင် တည်ရှိနေသော မြို့ ဖြစ်သည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...