တက်ကနက်မြို့တွင် ယာဘားဆေးပြား အလုံးရေ သုံးသိန်း ဖမ်းမိ

တက်ကနက်မြို့တွင် ယာဘားဆေးပြား အလုံးရေ သုံးသိန်း ဖမ်းမိ
မြန်မာနယ်စပ်အနီးရှိ ဘင်္ဂလာဒေ့ရှ် နိုင်ငံ တက်ကနက်မြို့တွင် ယမန်နေ့က ယာဘားခေါ် စိတ်ကြွဆေးပြား အလုံးရေ သုံးသိန်း ဖမ်းမိကြောင်း သတင်း ရရှိသည်။ ၎င်းဆေးပြားများအား တက်ကနက်မြို့ ပါလနာရပ်ကွက်ဟောင်းရှိ လူမနေသောအိမ်တစ်လုံး အထဲမှ ဇွန်လ ၂၃ ရက်နေ့ နေ့လယ်က သတင်အရ ၀င်ရောက် ရှာဖွေစဉ် ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်း တက်ကနက်မြို့ အခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) တပ်မှူး ဒုတိယ ဗိုလ်မှူးကြီး Mohammad Abuja Al Zahid က ပြောသည်။

ဆေးပြားရောင်းဝယ်ဖောက်ကားရောင်းဝယ်သူများ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

၎င်းဆေးပြားသုံးသိန်း၏ လက်ရှိတန်ဖိုးမှာ တာကာ ၉ ကုဋေဖိုး တန်ဖိုးရှိကြောင်း ၎င်းတပ်မှူးက ပြောသည်။

တက်ကနက်မြို့သည် မြန်မာဘက်မှ မောင်တောမြိုနှင့် မျက်နာချင်းဆိုင် နတ်မြစ် တစ်ဘက်ကမ်းတွင် တည်ရှိပြီး မြန်မာနိုင်ငံမှ စိတ်ကြွဆေးပြားများ ဘင်္ဂလာဒေ့ရှ်သို့ မှောင်ခိုတင်ပို့ရာတွင် အဓိက လမ်းကြောင်းတွင် တည်ရှိနေသော မြို့ ဖြစ်သည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...