ဥရောပ သမဂ္ဂမှ ရိုဟင်ဂျာ အသုံးနှုန်းကို မသုံးတော့ဟုဆို

ဥရောပ သမဂ္ဂမှ ရိုဟင်ဂျာ အသုံးနှုန်းကို မသုံးတော့ဟုဆို
by -
နိရဥ္စရာ
ဥရောပ သမဂ္ဂ အီးယူက ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို သုံးမှာမဟုတ်ဘူးလို့ ပြောကြား လိုက်ကြောင်း ABC Radio Australia တွင် သတင်း ဖော်ပြသည်။

41ရခိုင်ပြည်နယ်က မွတ်ဆလင်များ အရေး ဖြေရှင်းရာတွင် အချိန်ယူရမည် ဖြစ်သည့် အတွက် ရိုဟင်ဂျာဆိုသည့် ထိလွယ်ရှလွယ် အသုံးအနှုန်းကို ရှောင်ရှားသွားမည် ဖြစ်ကြောင်း အီးယူ သံအမတ်က ပြောကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြထားသည်ဟု ၎င်းသတင်းဌာက ဆိုသည်။

အီးယူက ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်း ကို ရှောင်ရှားမည် ဖြစ်ကြောင်း ပြောဆိုသော်လည်း အမေရိကန် အစိုးရကမူ “ လူတွေ အနေဖြင့် မိမိဘယ်သူဆိုတာ ခေါ်ပိုင်ခွင့်ရှိတယ်ဆိုတာကို အသိ အမှတ်ပြုတဲ့အနေနဲ့ ရိုဟင်ဂျာလို့ ခေါ်စေချင်သူကို ရိုဟင်ဂျာလို့သာ ခေါ်မယ်လို့ ပြောဆို ခဲ့ဖူးကြောင်း” သတင်းတွင်ရေးသားသည်။

လူဦးရေ ၁ သန်းကျော်ရှိသည့် ရခိုင်ပြည်နယ်က မွတ်ဆလင်များက သူတို့ကို သူတို့ ရိုဟင်ဂျာဟု ဖော်ပြကြသော်လည်း မြန်မာအများစုကမူ ဘင်္ဂါလီဟုသာ သတ်မှတ်ကြတာကြောင်း သတင်းတွင် ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ကုလသမဂ္ဂ ကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် မြန်မာအစိုးရ အနေနှင့် ရိုဟင်ဂျာ ဆိုသည့် အသုံးအနှုန်းကို သုံးမှာ မဟုတ်ကြောင်း ပြောဆိုထားသည်ဟု ဆိုသည်။

မြန်မာဆိုင်ရာ အီးယူသံအမတ် Roland Kobia က ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းသည် မြန်မာနိုင်ငံတွင် စိတ်ခံစားမှုများကို စုပေါင်းထားသည့် အသုံးအနှုန်းဖြစ်သောကြောင့် မြန်မာအစိုးရက ယခုကိစ္စကို ဖြေရှင်းဖို့ ကြိုးစားနေချိန်၌ အီးယူက ယင်းအသုံးအနှုန်းကို ရှောင်မှာဖြစ်ပြီး တဖြေးဖြေးနှင့် ပြဿနာ ဖြေရှင်းနိုင်မည်ဟု ယူဆကြောင်း ပြောသွားခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

ရိုဟင်ဂျာကို ရခိုင်ပြည်နယ်က မွတ်ဆလင်တွေအဖြစ် ခေါ်ဆိုရန် အစိုးရက ပြောဆိုထားသော်လည်း ရခိုင်အမျိုးသားပါတီ ANP က ၎င်းအသုံးနှုန်းအရ မွတ်ဆလင်များသည် ရခိုင်ပြည်နယ်တွင် မူလနေထိုင်သူတွေအဖြစ် သတ်မှတ်ရာ ရောက်သဖြင့် ၎င်းအသုံးအနှုန်းကို ကန့်ကွက်ကြောင်း သတင်းက ဆိုသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...