ဥရောပ သမဂ္ဂမှ ရိုဟင်ဂျာ အသုံးနှုန်းကို မသုံးတော့ဟုဆို

ဥရောပ သမဂ္ဂမှ ရိုဟင်ဂျာ အသုံးနှုန်းကို မသုံးတော့ဟုဆို
by -
နိရဥ္စရာ
ဥရောပ သမဂ္ဂ အီးယူက ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို သုံးမှာမဟုတ်ဘူးလို့ ပြောကြား လိုက်ကြောင်း ABC Radio Australia တွင် သတင်း ဖော်ပြသည်။

41ရခိုင်ပြည်နယ်က မွတ်ဆလင်များ အရေး ဖြေရှင်းရာတွင် အချိန်ယူရမည် ဖြစ်သည့် အတွက် ရိုဟင်ဂျာဆိုသည့် ထိလွယ်ရှလွယ် အသုံးအနှုန်းကို ရှောင်ရှားသွားမည် ဖြစ်ကြောင်း အီးယူ သံအမတ်က ပြောကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြထားသည်ဟု ၎င်းသတင်းဌာက ဆိုသည်။

အီးယူက ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်း ကို ရှောင်ရှားမည် ဖြစ်ကြောင်း ပြောဆိုသော်လည်း အမေရိကန် အစိုးရကမူ “ လူတွေ အနေဖြင့် မိမိဘယ်သူဆိုတာ ခေါ်ပိုင်ခွင့်ရှိတယ်ဆိုတာကို အသိ အမှတ်ပြုတဲ့အနေနဲ့ ရိုဟင်ဂျာလို့ ခေါ်စေချင်သူကို ရိုဟင်ဂျာလို့သာ ခေါ်မယ်လို့ ပြောဆို ခဲ့ဖူးကြောင်း” သတင်းတွင်ရေးသားသည်။

လူဦးရေ ၁ သန်းကျော်ရှိသည့် ရခိုင်ပြည်နယ်က မွတ်ဆလင်များက သူတို့ကို သူတို့ ရိုဟင်ဂျာဟု ဖော်ပြကြသော်လည်း မြန်မာအများစုကမူ ဘင်္ဂါလီဟုသာ သတ်မှတ်ကြတာကြောင်း သတင်းတွင် ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ကုလသမဂ္ဂ ကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် မြန်မာအစိုးရ အနေနှင့် ရိုဟင်ဂျာ ဆိုသည့် အသုံးအနှုန်းကို သုံးမှာ မဟုတ်ကြောင်း ပြောဆိုထားသည်ဟု ဆိုသည်။

မြန်မာဆိုင်ရာ အီးယူသံအမတ် Roland Kobia က ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းသည် မြန်မာနိုင်ငံတွင် စိတ်ခံစားမှုများကို စုပေါင်းထားသည့် အသုံးအနှုန်းဖြစ်သောကြောင့် မြန်မာအစိုးရက ယခုကိစ္စကို ဖြေရှင်းဖို့ ကြိုးစားနေချိန်၌ အီးယူက ယင်းအသုံးအနှုန်းကို ရှောင်မှာဖြစ်ပြီး တဖြေးဖြေးနှင့် ပြဿနာ ဖြေရှင်းနိုင်မည်ဟု ယူဆကြောင်း ပြောသွားခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

ရိုဟင်ဂျာကို ရခိုင်ပြည်နယ်က မွတ်ဆလင်တွေအဖြစ် ခေါ်ဆိုရန် အစိုးရက ပြောဆိုထားသော်လည်း ရခိုင်အမျိုးသားပါတီ ANP က ၎င်းအသုံးနှုန်းအရ မွတ်ဆလင်များသည် ရခိုင်ပြည်နယ်တွင် မူလနေထိုင်သူတွေအဖြစ် သတ်မှတ်ရာ ရောက်သဖြင့် ၎င်းအသုံးအနှုန်းကို ကန့်ကွက်ကြောင်း သတင်းက ဆိုသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...