ဖြစ်စဉ်မှာ အပေါက်ဝကျေးရွာရှိ ရန်တားရပ်ကွက်သစ်တွင် နေထိုင်သော ဦးအောင်လှဇံ၏သမီးဖြစ်သူ အသက် ၁၆ နှစ်အရွယ် မ———— အား အပေါက်ဝကျေးရွာအုပ်စုရှိ ပြားမူဆလင်ရပ်ကွက်တွင်နေထိုင်သော မာချောဘီ၏ သားဖြစ်သူ အသက် (၂၅) နှစ်အရွယ် ဇော်ကီယာက ယနေ့ ဇွန်လ ၁၆ ရက်နေ့၊ ညနေ ၃ နာရီကျော်အချိန်က အမျိုးအမည်မသိဆေးတစ်မျိုးသုံးကာ မ———-၏ မျက်စိနှင့် ပါးစပ်တို့ကို ပိတ်ပြီး မြစ်ကမ်းနံဘေးသို့ ဆွဲခေါ်သွားခဲ့ကြောင်း ရပ်ကွက်နေသူများက ပြောသည်။
ယင်းသို့ခေါ်ဆောင်သွားစဉ် မိန်းကလေးငယ်က ပိတ်ထားသည့်လက်ကို ကိုက်၍ အော်ဟစ် အကူအညီတောင်းမှုကြောင့် ဇော်ကီယာဆိုသူ မှာ ထွက်ပြေးသွားသည်ဟုဆိုသည်။
“ဖြစ်စဉ်ဖြစ်တာမှန်ပါတယ်။ အခု ကျွန်တော်လည်း ထွက်ပြေးသွားတဲ့ ဘင်္ဂါလီကိုလိုက်လံ ဖမ်းဆီးနေပါတယ်” ဟု အပေါက်ဝရဲစခန်းမှူး ဒုရဲအုပ်ဌေးဇော်က နိရဥ္စရာသို့ ယနေ့ညနေ ရ နာရီအချိန်က ပြောသည်။
အမှုကျူးလွန်သူမှာ အပေါက်ဝကျေးရွာအနောက်ဘက်ရှိ ဦးစွန်းတောင် တောင်ခြေရင်းဘက်သို့ ထွက်ပြေး သွားပြီး သူ့ကို ယနေ့ည ၁ဝ နာရီခန့်အချိန်အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းလည်း သိရသည်။
“ တရားခံ လွတ်သွားတာက တရားဥပဒေစိုးမိုးမှု မရှိလို့ဖြစ်ရတာပါ။ ဦးစွန်းတောင်မှာလည်း နယ်မြေ ရဲကင်းရှိတာပဲ။ ဖြစ်စဉ်ဖြစ်ပြီးတာနဲ့ ချက်ချင်း အဲဲဒီကို ဒီက လှမ်းဆက်ပြီး အကြောင်းကြားထားရင် ဘယ်ပြေးလွတ်မလဲ” ဟု အပေါက်ဝကျေးရွာဒေသခံ ကိုဦးမင်းစိုးက ဆိုသည်။
ယခုဖြစ်စဉ်ကြောင့် အမျိုးသမီးငယ်တွင် အထက်နှုတ်ခမ်း ပေါက်ပြဲသွားကြောင်းလည်း မိသားစုဝင်တစ်ဦးက ပြောသည်။







