ဆေးတစ်မျိုးသုံးပြီး အမျိုးသမီးငယ်တစ်ဦးအား စော်ကားမှု ကျောက်တော်နယ်တွင် ဖြစ်ပွား

ဆေးတစ်မျိုးသုံးပြီး အမျိုးသမီးငယ်တစ်ဦးအား စော်ကားမှု ကျောက်တော်နယ်တွင် ဖြစ်ပွား
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတွင် အမျိုးသမီးငယ်တစ်ဦးအား ဆေးတစ်မျိုးသုံးကာ စော်ကားမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း အပေါက်ဝရဲစခန်းနှင့် ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ အပေါက်ဝကျေးရွာရှိ ရန်တားရပ်ကွက်သစ်တွင် နေထိုင်သော ဦးအောင်လှဇံ၏သမီးဖြစ်သူ အသက် ၁၆ နှစ်အရွယ် မ———— အား အပေါက်ဝကျေးရွာအုပ်စုရှိ ပြားမူဆလင်ရပ်ကွက်တွင်နေထိုင်သော မာချောဘီ၏ သားဖြစ်သူ အသက် (၂၅) နှစ်အရွယ် ဇော်ကီယာက ယနေ့ ဇွန်လ ၁၆ ရက်နေ့၊ ညနေ ၃ နာရီကျော်အချိန်က အမျိုးအမည်မသိဆေးတစ်မျိုးသုံးကာ မ———-၏ မျက်စိနှင့် ပါးစပ်တို့ကို ပိတ်ပြီး မြစ်ကမ်းနံဘေးသို့ ဆွဲခေါ်သွားခဲ့ကြောင်း ရပ်ကွက်နေသူများက ပြောသည်။

ယင်းသို့ခေါ်ဆောင်သွားစဉ် မိန်းကလေးငယ်က ပိတ်ထားသည့်လက်ကို ကိုက်၍ အော်ဟစ် အကူအညီတောင်းမှုကြောင့် ဇော်ကီယာဆိုသူ မှာ ထွက်ပြေးသွားသည်ဟုဆိုသည်။

“ဖြစ်စဉ်ဖြစ်တာမှန်ပါတယ်။ အခု ကျွန်တော်လည်း ထွက်ပြေးသွားတဲ့ ဘင်္ဂါလီကိုလိုက်လံ ဖမ်းဆီးနေပါတယ်” ဟု အပေါက်ဝရဲစခန်းမှူး ဒုရဲအုပ်ဌေးဇော်က နိရဥ္စရာသို့ ယနေ့ညနေ ရ နာရီအချိန်က ပြောသည်။

အမှုကျူးလွန်သူမှာ အပေါက်ဝကျေးရွာအနောက်ဘက်ရှိ ဦးစွန်းတောင် တောင်ခြေရင်းဘက်သို့ ထွက်ပြေး သွားပြီး သူ့ကို ယနေ့ည ၁ဝ နာရီခန့်အချိန်အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းလည်း သိရသည်။

“ တရားခံ လွတ်သွားတာက  တရားဥပဒေစိုးမိုးမှု မရှိလို့ဖြစ်ရတာပါ။ ဦးစွန်းတောင်မှာလည်း နယ်မြေ ရဲကင်းရှိတာပဲ။ ဖြစ်စဉ်ဖြစ်ပြီးတာနဲ့  ချက်ချင်း အဲဲဒီကို ဒီက လှမ်းဆက်ပြီး အကြောင်းကြားထားရင် ဘယ်ပြေးလွတ်မလဲ” ဟု အပေါက်ဝကျေးရွာဒေသခံ ကိုဦးမင်းစိုးက ဆိုသည်။

ယခုဖြစ်စဉ်ကြောင့် အမျိုးသမီးငယ်တွင် အထက်နှုတ်ခမ်း ပေါက်ပြဲသွားကြောင်းလည်း မိသားစုဝင်တစ်ဦးက ပြောသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...