ပြည်ထောင်စုအစိုးရက လူငယ်ဆိုင်ရာမူဝါဒတစ်ခုချမှတ်ပေးရန်၊ ပြည်ထောင်စု လူငယ် ညီလာခံ ကျင်းပပေးရန်၊ ပြည်ပရောက် မြန်မာလူငယ်များ၏ ဘဝအနာဂတ် လုံခြံုစိတ်ချရစေရန်၊ ငြိမ်းချမ်းရေးညီလာခံနှင့် ဒုတိယပင်လုံညီလာခံစသည့် ညီလာခံများတွင် လူငယ်များအား ပါဝင်ခွင့်ပေးရန်၊ တိုက်ပွဲဖြစ်နေသည့်နေရာများမှ လူငယ်များ မိမိနေရာတွင်မိမိ ပညာသင်ကြားခွင့် ရရှိစေရန် စသည့်အချက် (၆)ခုကို တစ်ကိုယ်တော် ဆန္ဒပြသူ ကိုမင်းသိမ်းဇံက ကြွေးကြော် တောင်းဆိုခဲ့သည်။
“အစိုးရအနေနဲ့ လူငယ်တွေအတွက် လူငယ်မူဝါဒတစ်ခုချမှတ်ပေးဖို့ လိုအပ်နေပါပြီ။ လူငယ်တွေရဲ့ ဦးနှောက်ယိုစီးမှု၊ အလုပ်အကိုင်ရှားပါးမှု၊ နိုင်ငံရေးတွေမှာ ပါဝင်ပတ်သက်ခွင့်မရရှိမှု ဒါတွေကို အခုခေတ် လူငယ်တွေခံစားနေရတယ်။ ဒီပြဿနာတွေကို အခု NLD အစိုးရ အနေနဲ့ လုပ်ပေး နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့သူ ကိုမင်းသိမ်းဇံက နိရဥ္စရာကို ပြောသည်။
ဆန္ဒထုတ်ဖော်ခြင်းကို သက်ဆို်င်ရာ၏ တရားဝင်ခွင့်ပြုချက်ဖြင့် နံနက် ၉ နာရီ ၉ နာရီ ၄၅ မိနစ်အချိန်ထိ မြို့ပတ်လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။







