လူငယ်များ အခွင့်အရေးအတွက် ဘူးသီးတောင်တွင် လူငယ်တစ်ဦး တစ်ကိုယ်တော် ဆန္ဒ ထုတ်ဖော်

လူငယ်များ အခွင့်အရေးအတွက် ဘူးသီးတောင်တွင် လူငယ်တစ်ဦး တစ်ကိုယ်တော် ဆန္ဒ ထုတ်ဖော်
by -
နိရဥ္စရာ
လက်ရှိအစိုးရသစ်အနေဖြင့် လူငယ်များ၏ အခွင့်အရေးကို တိုးမြှင့် ရရှိအောင် ဆောင်ရွက်ပေးရန် ဘူးသီးတောင်မြို့မှ လူငယ်တစ်ဦးဖြစ်သူ ကိုမင်းသိမ်းဇံသည်  ဇွန်လ ရ ရက်နေ့ နံနက်က တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့သည်။

ပြည်ထောင်စုအစိုးရက လူငယ်ဆိုင်ရာမူဝါဒတစ်ခုချမှတ်ပေးရန်၊ ပြည်ထောင်စု လူငယ် ညီလာခံ ကျင်းပပေးရန်၊ ပြည်ပရောက် မြန်မာလူငယ်များ၏ ဘဝအနာဂတ် လုံခြံုစိတ်ချရစေရန်၊ ငြိမ်းချမ်းရေးညီလာခံနှင့် ဒုတိယပင်လုံညီလာခံစသည့် ညီလာခံများတွင် လူငယ်များအား ပါဝင်ခွင့်ပေးရန်၊ တိုက်ပွဲဖြစ်နေသည့်နေရာများမှ လူငယ်များ မိမိနေရာတွင်မိမိ ပညာသင်ကြားခွင့် ရရှိစေရန် စသည့်အချက် (၆)ခုကို တစ်ကိုယ်တော် ဆန္ဒပြသူ ကိုမင်းသိမ်းဇံက ကြွေးကြော် တောင်းဆိုခဲ့သည်။

“အစိုးရအနေနဲ့ လူငယ်တွေအတွက် လူငယ်မူဝါဒတစ်ခုချမှတ်ပေးဖို့ လိုအပ်နေပါပြီ။ လူငယ်တွေရဲ့ ဦးနှောက်ယိုစီးမှု၊ အလုပ်အကိုင်ရှားပါးမှု၊ နိုင်ငံရေးတွေမှာ ပါဝင်ပတ်သက်ခွင့်မရရှိမှု ဒါတွေကို အခုခေတ် လူငယ်တွေခံစားနေရတယ်။ ဒီပြဿနာတွေကို အခု NLD အစိုးရ အနေနဲ့  လုပ်ပေး နိုင်လိမ့်မယ်လို့  ယုံကြည်ပါတယ်”ဟု တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့သူ ကိုမင်းသိမ်းဇံက နိရဥ္စရာကို ပြောသည်။

ဆန္ဒထုတ်ဖော်ခြင်းကို သက်ဆို်င်ရာ၏ တရားဝင်ခွင့်ပြုချက်ဖြင့် နံနက် ၉ နာရီ ၉ နာရီ ၄၅ မိနစ်အချိန်ထိ မြို့ပတ်လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...