ယနေ့ ထောင်ချခံရသောလူငယ် ၆ ဦး အပါအဝင် ကျောက်တော်မြို့နယ် တရားရုံးမှ ထောင်ချသူ ၃၇ ဦးရှိသွားပြီ

ယနေ့ ထောင်ချခံရသောလူငယ် ၆ ဦး အပါအဝင် ကျောက်တော်မြို့နယ် တရားရုံးမှ ထောင်ချသူ ၃၇ ဦးရှိသွားပြီ
by -
နိရဥ္စရာ
ယနေ့ ဧပြီလ ၆ ရက်နေ့တွင် ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်မှုဖြင့် နောက်ထပ်  ရခိုင်လူငယ် ၆ ဦးကို ကျောက်တော်မြို့နယ် တရားရုံးမှ ထောင် ၅ နှစ်စီ အသီးသီး ချမှတ်လိုက်သဖြင့် လက်ရှိ အချိန်ထိ ၎င်းမြို့နယ်တရားရုံးမှ ထောင်ချသည့် ရခိုင်လူငယ် အရေအတွက်မှည  ၃၇ ဦးထိ ရှိသွားပြီ ဖြစ်သည်ဟု သိရသည်။

ဧပြီလ ၆ ရက် ယနေ့ ထောင်ဒဏ် ၅ နှစ်စီ အသီးသီး ချမှတ် ခံရသူများမှာ

၁။ကိုစိုးနိုင် ( ဘ)ဦးသာစိန်၊ မြိတ်ဝကျေးရွာ၊ ပလက်ဝမြို ့နယ်။
၂။ကိုဦးဘမောင် (ဘ)ဦးမောင်ခင်သိန်း၊ သိမ်တောင်ကျေးရွာ၊ ရသေ့တောင်မြို  ့နယ်။
၃။ကိုမောင်ကျော်သိန်း(ဘ)ဦးမောင်ထွန်းစိန်၊ ကြောင်ရှည်ကျေးရွာ၊ မင်းပြားမြို  ့နယ်။
၄။ကိုမောင်သန်းဝေ(ဘ)ဦးသာထွန်းဦး၊ အရှေ့ပိုင်း၊ ကျောက်ဖြူမြို ့။
၅။ကိုထွန်းထွန်းဝင်း(ဘ)ဦးထွန်းခိုင်၊ သာယာကုန်းကျေးရွာ၊ မင်းပြားမြို ့နယ်။
၆။ကိုထွန်းစိုးနိုင်(ဘ)ဦးထွန်းဦးဖြူ|ညိုရောင်ချောင်းကျေးရွာ|စစ်တွေမြို ့နယ် တို ့ဖြစ်သည်။

သူတို့ ၆ ဦးစလုံးက ရက္ခိုင့်တပ်မတော်မှ ဖြစ်ကြောင်း ဝန်ခံသဖြင့် တရားသူကြီးက ထိုသို့ ထောင်ဒဏ် အသီးသီး ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု သူတို့အမှုကို ရှေ့နေလိုက်ပေးနေသူ ဦးထွန်းလှက  နိရဥ္စရာ သတင်းဌာနသို ့ အတည်ပြုပြောကြားသည်။

သူတို့အား မတရား အသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ထောင်ဒဏ်  ၃ နှင့် ၁၇ (၂) ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သော်လည်း တစ်ပေါင်းတည်း ၅ နှစ်စီ ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ရှေ့နေ ကိုထွန်းလှက ပြောသည်။

ရက္ခိုင့်တပ်မတော် (AA ) နှင့် ဆက်သွယ်မှုဖြင့် ကျောက်တော်မြို့နယ် တရားရုံး တစ်ခုတည်းက ထောင်ချခံရသူမှာ ယခုအခါ စုစုပေါင်း ၃၇ ဦး ရှိသွားပြီဟု သိရသည်။ ထောင်ချခံရသူများမှာ မတ်လ ၁၆ ရက်နေ့က ၂ ဦး၊ မတ်လ ၃၀ ရက်နေ့ ၁၂ ဦး၊ မတ်လ ၃၁ ရက်နေ့က ၁၁ ဦး၊ ဧပြီလ ၄ ရက်နေ့က ၆ ဦးနှင့်  ဧပြီ ၆ ရက်နေ့တွင် ၆ ဦး ဖြစ်သည်။

နောက်ထပ် တစ်ဦးသာ ကျောက်တော် ရဲစခန်း အချုပ်ထဲ၌  ကျန်ရှိနေသည်ဟု သိရသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...