ဧပြီလ ၆ ရက် ယနေ့ ထောင်ဒဏ် ၅ နှစ်စီ အသီးသီး ချမှတ် ခံရသူများမှာ
၁။ကိုစိုးနိုင် ( ဘ)ဦးသာစိန်၊ မြိတ်ဝကျေးရွာ၊ ပလက်ဝမြို ့နယ်။
၂။ကိုဦးဘမောင် (ဘ)ဦးမောင်ခင်သိန်း၊ သိမ်တောင်ကျေးရွာ၊ ရသေ့တောင်မြို ့နယ်။
၃။ကိုမောင်ကျော်သိန်း(ဘ)ဦးမောင်ထွန်းစိန်၊ ကြောင်ရှည်ကျေးရွာ၊ မင်းပြားမြို ့နယ်။
၄။ကိုမောင်သန်းဝေ(ဘ)ဦးသာထွန်းဦး၊ အရှေ့ပိုင်း၊ ကျောက်ဖြူမြို ့။
၅။ကိုထွန်းထွန်းဝင်း(ဘ)ဦးထွန်းခိုင်၊ သာယာကုန်းကျေးရွာ၊ မင်းပြားမြို ့နယ်။
၆။ကိုထွန်းစိုးနိုင်(ဘ)ဦးထွန်းဦးဖြူ|ညိုရောင်ချောင်းကျေးရွာ|စစ်တွေမြို ့နယ် တို ့ဖြစ်သည်။
သူတို့ ၆ ဦးစလုံးက ရက္ခိုင့်တပ်မတော်မှ ဖြစ်ကြောင်း ဝန်ခံသဖြင့် တရားသူကြီးက ထိုသို့ ထောင်ဒဏ် အသီးသီး ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု သူတို့အမှုကို ရှေ့နေလိုက်ပေးနေသူ ဦးထွန်းလှက နိရဥ္စရာ သတင်းဌာနသို ့ အတည်ပြုပြောကြားသည်။
သူတို့အား မတရား အသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ထောင်ဒဏ် ၃ နှင့် ၁၇ (၂) ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သော်လည်း တစ်ပေါင်းတည်း ၅ နှစ်စီ ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ရှေ့နေ ကိုထွန်းလှက ပြောသည်။
ရက္ခိုင့်တပ်မတော် (AA ) နှင့် ဆက်သွယ်မှုဖြင့် ကျောက်တော်မြို့နယ် တရားရုံး တစ်ခုတည်းက ထောင်ချခံရသူမှာ ယခုအခါ စုစုပေါင်း ၃၇ ဦး ရှိသွားပြီဟု သိရသည်။ ထောင်ချခံရသူများမှာ မတ်လ ၁၆ ရက်နေ့က ၂ ဦး၊ မတ်လ ၃၀ ရက်နေ့ ၁၂ ဦး၊ မတ်လ ၃၁ ရက်နေ့က ၁၁ ဦး၊ ဧပြီလ ၄ ရက်နေ့က ၆ ဦးနှင့် ဧပြီ ၆ ရက်နေ့တွင် ၆ ဦး ဖြစ်သည်။
နောက်ထပ် တစ်ဦးသာ ကျောက်တော် ရဲစခန်း အချုပ်ထဲ၌ ကျန်ရှိနေသည်ဟု သိရသည်။







