ယနေ့ ထောင်ချခံရသောလူငယ် ၆ ဦး အပါအဝင် ကျောက်တော်မြို့နယ် တရားရုံးမှ ထောင်ချသူ ၃၇ ဦးရှိသွားပြီ

ယနေ့ ထောင်ချခံရသောလူငယ် ၆ ဦး အပါအဝင် ကျောက်တော်မြို့နယ် တရားရုံးမှ ထောင်ချသူ ၃၇ ဦးရှိသွားပြီ
by -
နိရဥ္စရာ
ယနေ့ ဧပြီလ ၆ ရက်နေ့တွင် ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်မှုဖြင့် နောက်ထပ်  ရခိုင်လူငယ် ၆ ဦးကို ကျောက်တော်မြို့နယ် တရားရုံးမှ ထောင် ၅ နှစ်စီ အသီးသီး ချမှတ်လိုက်သဖြင့် လက်ရှိ အချိန်ထိ ၎င်းမြို့နယ်တရားရုံးမှ ထောင်ချသည့် ရခိုင်လူငယ် အရေအတွက်မှည  ၃၇ ဦးထိ ရှိသွားပြီ ဖြစ်သည်ဟု သိရသည်။

ဧပြီလ ၆ ရက် ယနေ့ ထောင်ဒဏ် ၅ နှစ်စီ အသီးသီး ချမှတ် ခံရသူများမှာ

၁။ကိုစိုးနိုင် ( ဘ)ဦးသာစိန်၊ မြိတ်ဝကျေးရွာ၊ ပလက်ဝမြို ့နယ်။
၂။ကိုဦးဘမောင် (ဘ)ဦးမောင်ခင်သိန်း၊ သိမ်တောင်ကျေးရွာ၊ ရသေ့တောင်မြို  ့နယ်။
၃။ကိုမောင်ကျော်သိန်း(ဘ)ဦးမောင်ထွန်းစိန်၊ ကြောင်ရှည်ကျေးရွာ၊ မင်းပြားမြို  ့နယ်။
၄။ကိုမောင်သန်းဝေ(ဘ)ဦးသာထွန်းဦး၊ အရှေ့ပိုင်း၊ ကျောက်ဖြူမြို ့။
၅။ကိုထွန်းထွန်းဝင်း(ဘ)ဦးထွန်းခိုင်၊ သာယာကုန်းကျေးရွာ၊ မင်းပြားမြို ့နယ်။
၆။ကိုထွန်းစိုးနိုင်(ဘ)ဦးထွန်းဦးဖြူ|ညိုရောင်ချောင်းကျေးရွာ|စစ်တွေမြို ့နယ် တို ့ဖြစ်သည်။

သူတို့ ၆ ဦးစလုံးက ရက္ခိုင့်တပ်မတော်မှ ဖြစ်ကြောင်း ဝန်ခံသဖြင့် တရားသူကြီးက ထိုသို့ ထောင်ဒဏ် အသီးသီး ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု သူတို့အမှုကို ရှေ့နေလိုက်ပေးနေသူ ဦးထွန်းလှက  နိရဥ္စရာ သတင်းဌာနသို ့ အတည်ပြုပြောကြားသည်။

သူတို့အား မတရား အသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ထောင်ဒဏ်  ၃ နှင့် ၁၇ (၂) ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သော်လည်း တစ်ပေါင်းတည်း ၅ နှစ်စီ ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ရှေ့နေ ကိုထွန်းလှက ပြောသည်။

ရက္ခိုင့်တပ်မတော် (AA ) နှင့် ဆက်သွယ်မှုဖြင့် ကျောက်တော်မြို့နယ် တရားရုံး တစ်ခုတည်းက ထောင်ချခံရသူမှာ ယခုအခါ စုစုပေါင်း ၃၇ ဦး ရှိသွားပြီဟု သိရသည်။ ထောင်ချခံရသူများမှာ မတ်လ ၁၆ ရက်နေ့က ၂ ဦး၊ မတ်လ ၃၀ ရက်နေ့ ၁၂ ဦး၊ မတ်လ ၃၁ ရက်နေ့က ၁၁ ဦး၊ ဧပြီလ ၄ ရက်နေ့က ၆ ဦးနှင့်  ဧပြီ ၆ ရက်နေ့တွင် ၆ ဦး ဖြစ်သည်။

နောက်ထပ် တစ်ဦးသာ ကျောက်တော် ရဲစခန်း အချုပ်ထဲ၌  ကျန်ရှိနေသည်ဟု သိရသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...