တရုတ်ကုမ္ပဏီ CNPC ကိုကျောက်ဖြူတွင် ဆန္ဒပြမည်

တရုတ်ကုမ္ပဏီ CNPC ကိုကျောက်ဖြူတွင် ဆန္ဒပြမည်
by -
နိရဥ္စရာ
ရခိုင်ကမ်းလွန် ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းတွင် အဓိက ရင်းနှီမြှုပ်နှံ လုပ်ကိုင်နေသော တရုတ် ရေနံကုမ္ပဏီကို ကျောက်ဖြူမြို့၌ ဧပြီလ ၁၁ ရက်နေ့တွင် ဆန္ဒပြမည်ဟု သိရသည်။

လျော်ကြေးမရရှိသည်မှာ သုံးနှစ်ရှိပြီဖြစ်သဖြင့်  ဆန္ဒပြေတောင်းဆိုရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဦးဆောင်းသူတစ်ဦးဖြစ်သူ ကဘိုင်ချောင်းကျေးရွာမှ ဦးဝေထွန်းဖြူက ပြောသည်။

”လျော်ကြေးမရတာသုံးနှစ်ရှိပြီ။ တရားလွန်သွားပြီ။ ဒေသခံတွေ ဆုံးရှုံးနစ်နာနေတာတွေကို ဂရုမစိုက်ဘူး။ လာရောက်တောင်းဆိုတာလည်း အကြိမ်ပေါင်းများစွာရှိနေပြီဖြစ်တဲ့အတွက် ခုထိမရသေးလို့ ဆန္ဒပြဖို့ စီစဉ်ရတာဖြစ်တယ်“ဟု ဦးဝေထွန်းဖြူက ပြောသည်။

ဆန္ဒပြပွဲအတွက် ခွင့်ပြုချက်ကို ဧပြီလ ၅ ရက်နေ့က လျှောက်ထားလိုက်ပြီး ခွင့်ပြုချက်ရပါက ဧပြီလ ၁၁ရက်နေ့ ညနေ ၃ နာရီတွင် ဓာတ်ငွေ့သန့်စင်စက်ရုံအနီးရှိ China National Petroleum Corporation(CNPC) ရုံးရှေ့၌ ဆန္ဒဖော်ထုတ်ပွဲ လုပ်သွား မည်ဟု သိရသည်။

ကျောက်ဖြူမြို့နယ်၊ မြို့ချောင်းကျွန်း၊ ကဘိုင်ချောင်း၊ ရတဏ၊ ကျောက်ခမောက်၊ ဂြင်ကြီး စသည့် ကျေးရွာများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့်  ပျက်စီးသွားသည့် မြေယာ ဧက(၁၀၀)ခန့် ရှိပြီး လျော်ကြေးရရှိမည့် မြေယာ ပိုင်ရှင် ၁၁၁ ယောက် ရှိကြောင်း သိရသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...