တရုတ်ကုမ္ပဏီ CNPC ကိုကျောက်ဖြူတွင် ဆန္ဒပြမည်

တရုတ်ကုမ္ပဏီ CNPC ကိုကျောက်ဖြူတွင် ဆန္ဒပြမည်
by -
နိရဥ္စရာ
ရခိုင်ကမ်းလွန် ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းတွင် အဓိက ရင်းနှီမြှုပ်နှံ လုပ်ကိုင်နေသော တရုတ် ရေနံကုမ္ပဏီကို ကျောက်ဖြူမြို့၌ ဧပြီလ ၁၁ ရက်နေ့တွင် ဆန္ဒပြမည်ဟု သိရသည်။

လျော်ကြေးမရရှိသည်မှာ သုံးနှစ်ရှိပြီဖြစ်သဖြင့်  ဆန္ဒပြေတောင်းဆိုရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဦးဆောင်းသူတစ်ဦးဖြစ်သူ ကဘိုင်ချောင်းကျေးရွာမှ ဦးဝေထွန်းဖြူက ပြောသည်။

”လျော်ကြေးမရတာသုံးနှစ်ရှိပြီ။ တရားလွန်သွားပြီ။ ဒေသခံတွေ ဆုံးရှုံးနစ်နာနေတာတွေကို ဂရုမစိုက်ဘူး။ လာရောက်တောင်းဆိုတာလည်း အကြိမ်ပေါင်းများစွာရှိနေပြီဖြစ်တဲ့အတွက် ခုထိမရသေးလို့ ဆန္ဒပြဖို့ စီစဉ်ရတာဖြစ်တယ်“ဟု ဦးဝေထွန်းဖြူက ပြောသည်။

ဆန္ဒပြပွဲအတွက် ခွင့်ပြုချက်ကို ဧပြီလ ၅ ရက်နေ့က လျှောက်ထားလိုက်ပြီး ခွင့်ပြုချက်ရပါက ဧပြီလ ၁၁ရက်နေ့ ညနေ ၃ နာရီတွင် ဓာတ်ငွေ့သန့်စင်စက်ရုံအနီးရှိ China National Petroleum Corporation(CNPC) ရုံးရှေ့၌ ဆန္ဒဖော်ထုတ်ပွဲ လုပ်သွား မည်ဟု သိရသည်။

ကျောက်ဖြူမြို့နယ်၊ မြို့ချောင်းကျွန်း၊ ကဘိုင်ချောင်း၊ ရတဏ၊ ကျောက်ခမောက်၊ ဂြင်ကြီး စသည့် ကျေးရွာများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့်  ပျက်စီးသွားသည့် မြေယာ ဧက(၁၀၀)ခန့် ရှိပြီး လျော်ကြေးရရှိမည့် မြေယာ ပိုင်ရှင် ၁၁၁ ယောက် ရှိကြောင်း သိရသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...