မင်းပြားမြို့၌ ANP ကြေညာချက်ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်

မင်းပြားမြို့၌ ANP ကြေညာချက်ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မင်းပြားမြို့၌ ရခိုင်အမျိုးသားပါတီ(ANP) မှ ထုတ်ပြန်သော သဘောထား ထုတ်ပြန်ချက် (၁/၂၀၁၆) နှင့် (၂/၂၀၁၆) ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲ တစ်ခုကို ဧပြီလ ၃ ရက်နေ့က ပြုလုပ်ခဲ့သည်။

၎င်းဆန္ဒဖော်ထုတ်ပွဲအား နေ့လယ် ၁၂ နာရီအချိန်မှ စတင် ပြုလုပ်ခဲ့ပြီး လူပေါင်း ၁၅၀၀ ခန့်သည် မင်းပြားမြို့ လမ်းမများပေါ်တွင် လမ်းလျှောက်ချီတက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

“ကျွန်တော်တို့က ပြည်နယ်ဝန်ကြီးချုပ်ကို ANP ပါတီကပဲ ဖြစ်စေချင်တယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ပြည်သူတွေ မဲပေး ခဲ့ကြတာပါ။ အခုဖြစ်တာက  ပြည်နယ် တစ်ခုကနေ လွှတ်တော် ကိုယ်စားလှယ်အများစု အနိုင်ရတဲ့ ပါတီက  ပြည်နယ် အစိုးရကို ဦးဆောင်ဖွဲ့စည်းခွင့် မရဘူးဆိုတာဟာ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျက်ဘက် ဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ တောင်းဆိုပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံကို လွဲမချပါနဲ့။  ပြည်နယ် အစိုးရကိုလည်း ANP ကပဲ ဦးဆောင် ဖွဲ့စည်းခွင့် ရဖိုတောင်းဆိုတယ်။ ဒီမိုကရေစီ နည်းလမ်းမှန်အောင် လျှောက်ချင်ရင် တိုင်းရင်းသားတွေရဲ့ ဆန္ဒကို အလေးပေးစေချင်ပါတယ်”ဟုလည်း ဦးဆောင်သူ ဦးသိန်းစံက နိရဥ္စရာသို့ ပြောသည်။

Narinjara News photo

ဆန္ဒဖော်ထုတ်သူများသည် “ ဖွဲ့စည်းပုံကို လွှဲမချပါနှင့်” ဆိုသည့် စာသားများ အပါအဝင် “ ရခိုင်သည် ကျွန်မျိုး မဟုတ်” ၊ “ ရခိုင်သည် ကိုလိုနီနယ်မဟုတ်” ၊ “ ANP မှ ပြည်နယ်အစိုးရ ဦးဆောင်ဖွဲ့စည်းခွင့်ရရှိရေး”  “ ဖက်ဒရယ် စစ်စစ်ကို ဦးတည်ကြောင်းပြသပါ”  စသည့် စာသားများပါဝင်သည့် ဗီးနှိုင်းများ၊ ပိုစတာများကို ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ရခိုင်ပြည်နယ််တွင် လွှတ်တော်ကိုယ်စားလှယ် ၄၇ နေရာရှိသည့် ရခိိုင်အမျိုးသား ပါတီက ၂၃ နေရာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၈ နေရာ၊ ကြံ့ခိုင်ရေး ပါတီက ၃ နေရာနှင့် တပ်မတော်လွှတ်တော်ကိုယ်စားလှယ် ၁၂ နေရာ၊ ချင်းအမျိုးသားရေးရာ လွှတ်တော်ကိုယ်စားလှယ် တစ်နေရာ စုစုပေါင်း ၄၇ ရာရှိသည်။

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...