၎င်းဆန္ဒဖော်ထုတ်ပွဲအား နေ့လယ် ၁၂ နာရီအချိန်မှ စတင် ပြုလုပ်ခဲ့ပြီး လူပေါင်း ၁၅၀၀ ခန့်သည် မင်းပြားမြို့ လမ်းမများပေါ်တွင် လမ်းလျှောက်ချီတက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
“ကျွန်တော်တို့က ပြည်နယ်ဝန်ကြီးချုပ်ကို ANP ပါတီကပဲ ဖြစ်စေချင်တယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ပြည်သူတွေ မဲပေး ခဲ့ကြတာပါ။ အခုဖြစ်တာက ပြည်နယ် တစ်ခုကနေ လွှတ်တော် ကိုယ်စားလှယ်အများစု အနိုင်ရတဲ့ ပါတီက ပြည်နယ် အစိုးရကို ဦးဆောင်ဖွဲ့စည်းခွင့် မရဘူးဆိုတာဟာ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျက်ဘက် ဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ တောင်းဆိုပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံကို လွဲမချပါနဲ့။ ပြည်နယ် အစိုးရကိုလည်း ANP ကပဲ ဦးဆောင် ဖွဲ့စည်းခွင့် ရဖိုတောင်းဆိုတယ်။ ဒီမိုကရေစီ နည်းလမ်းမှန်အောင် လျှောက်ချင်ရင် တိုင်းရင်းသားတွေရဲ့ ဆန္ဒကို အလေးပေးစေချင်ပါတယ်”ဟုလည်း ဦးဆောင်သူ ဦးသိန်းစံက နိရဥ္စရာသို့ ပြောသည်။

ဆန္ဒဖော်ထုတ်သူများသည် “ ဖွဲ့စည်းပုံကို လွှဲမချပါနှင့်” ဆိုသည့် စာသားများ အပါအဝင် “ ရခိုင်သည် ကျွန်မျိုး မဟုတ်” ၊ “ ရခိုင်သည် ကိုလိုနီနယ်မဟုတ်” ၊ “ ANP မှ ပြည်နယ်အစိုးရ ဦးဆောင်ဖွဲ့စည်းခွင့်ရရှိရေး” “ ဖက်ဒရယ် စစ်စစ်ကို ဦးတည်ကြောင်းပြသပါ” စသည့် စာသားများပါဝင်သည့် ဗီးနှိုင်းများ၊ ပိုစတာများကို ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ရခိုင်ပြည်နယ််တွင် လွှတ်တော်ကိုယ်စားလှယ် ၄၇ နေရာရှိသည့် ရခိိုင်အမျိုးသား ပါတီက ၂၃ နေရာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၈ နေရာ၊ ကြံ့ခိုင်ရေး ပါတီက ၃ နေရာနှင့် တပ်မတော်လွှတ်တော်ကိုယ်စားလှယ် ၁၂ နေရာ၊ ချင်းအမျိုးသားရေးရာ လွှတ်တော်ကိုယ်စားလှယ် တစ်နေရာ စုစုပေါင်း ၄၇ ရာရှိသည်။







