‘၀’ ဒေသပန်ဆန်းတွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် ခုနှစ်ဖွဲ့ အစည်းအဝေး ရက္ခိုင့်တပ်မတော် တက်ရောက်မည်

‘၀’ ဒေသပန်ဆန်းတွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် ခုနှစ်ဖွဲ့ အစည်းအဝေး ရက္ခိုင့်တပ်မတော် တက်ရောက်မည်
by -
နိရဥ္စရာ
‘၀’ပြည်သွေးစည်းညီညွှတ်ရေးပါတီ ( UWSP/UWSA) မှ ဦးဆောင်ပြီး ‘၀’ ဒေသ ပန်ဆန်းဒေသ (ပန်ခမ်း)မြို့တွင် မတ်လ ၂၆ ရက် ယနေ့တွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခုနှစ်ဖွဲ့၏ အစည်းအဝေးတွင် ရက္ခိုင့်တပ်မတော် (အေအေ)လည်း တက်ရောက်မည်ဟု သိရသည်။

ယင်းအစည်းအဝေးသို့ တက်ရောက်ကြမည့် အဖွဲ့အစည်းများမှာ ‘၀’ပြည်သွေးစည်းညီညွှတ်ရေးပါတီ ( UWSP/UWSA)၊ မိုင်းလားလက်နက်ကိုင်အဖွဲ့ (NDAA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ ( KIO/KIA)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ် (MNDAA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်မတော် ( ULA/AA)တို့ ဖြစ်ကြသည်။

ဆွေးနွေးပွဲတွင် အစိုးရသစ်လက်ထက်တွင် ပြည်တွင်း ငြိမ်းချမ်းရေး တိုးမြှင့် ဆောင်ရွက်ရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ကြား ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေးတို့ကို အဓိက အလေးပေး ဆွေးနွေးကြမည်ဟု သိရသည်။

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...