Published
Monday, March 28, 2016
‘၀’ ဒေသပန်ဆန်းတွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် ခုနှစ်ဖွဲ့ အစည်းအဝေး ရက္ခိုင့်တပ်မတော် တက်ရောက်မည်
‘၀’ပြည်သွေးစည်းညီညွှတ်ရေးပါတီ ( UWSP/UWSA) မှ ဦးဆောင်ပြီး ‘၀’ ဒေသ ပန်ဆန်းဒေသ (ပန်ခမ်း)မြို့တွင် မတ်လ ၂၆ ရက် ယနေ့တွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခုနှစ်ဖွဲ့၏ အစည်းအဝေးတွင် ရက္ခိုင့်တပ်မတော် (အေအေ)လည်း တက်ရောက်မည်ဟု သိရသည်။
ယင်းအစည်းအဝေးသို့ တက်ရောက်ကြမည့် အဖွဲ့အစည်းများမှာ ‘၀’ပြည်သွေးစည်းညီညွှတ်ရေးပါတီ ( UWSP/UWSA)၊ မိုင်းလားလက်နက်ကိုင်အဖွဲ့ (NDAA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ ( KIO/KIA)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ် (MNDAA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်မတော် ( ULA/AA)တို့ ဖြစ်ကြသည်။
ဆွေးနွေးပွဲတွင် အစိုးရသစ်လက်ထက်တွင် ပြည်တွင်း ငြိမ်းချမ်းရေး တိုးမြှင့် ဆောင်ရွက်ရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ကြား ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေးတို့ကို အဓိက အလေးပေး ဆွေးနွေးကြမည်ဟု သိရသည်။







