ဘင်္ဂလာဒေ့ရှ် ဒေသန္တရ ရွေးကောက်ပွဲအတွင်း အကြမ်းဖက်မှုကြောင့် လူဆယ်ဦးသေဆုံး၊ ထောင်နှင့်ချီ၍ ဒဏ်ရာရ

ဘင်္ဂလာဒေ့ရှ် ဒေသန္တရ ရွေးကောက်ပွဲအတွင်း အကြမ်းဖက်မှုကြောင့် လူဆယ်ဦးသေဆုံး၊ ထောင်နှင့်ချီ၍ ဒဏ်ရာရ
by -
နိရဥ္စရာ
ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ယမန်နေ့က ကျင်းပသော ဒေသန္တရ ရွေးကောက်ပွဲအတွင်း အကြမ်းဖက်မှုများကြောင့် အနည်းဆုံး လူ ၁၀ ဦးသေဆုံးခဲ့ပြီး လူပေါင်း ထောင်နှင့်ချီ၍ ဒဏ်ရာ ရရှိခဲ့သည်ဟု ဘင်္ဂလာနိုင်ငံထုတ် The Dailystar သတင်းစာ အရ သိရသည်။

သေဆုံးသူများထဲတွင် Pirojpur ခရိုင်မှ ၅ ဦးဖြစ်ပြီး လူပေါင်း ရာနှင့်ချီ၍ ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။ မြန်မာ နယ်စပ်အနီးရှိ ကော့စ်ဘဇားခရိုင်တွင် နှစ်ဦးသေဆုံးပြီး တစ်ခြားခရိုင်သုံးခုတွင် တစ်ဦးစီ သေဆုံးခဲ့သည်ဟု ဆိုသည်။

up poll bangladesh

ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် မြို့နယ် အဆင့် ဒေသန္တရ ရွေးကောက်ပွဲများ ကျင်းပနေရာ ယင်းရွေးကောက်ပွဲမှာ လာမည့် အထွေထွေ ရွေးကောက်ပွဲအတွက် အရေးကြီးသဖြင့် ၎င်းမြို့နယ် အဆင့် ဥက္ကဋ္ဌ နေရာအတွက် နို််င်ငံရေး ပါတီများ အကြား သူနိုင် ကိုယ်နိုင် ပြိုင်ဆိုင်နေကြခြင်း ဖြစ်သည်။

up poll Bangladesh

ဘင်္ဂလာဒေ့ရှ်တွင် ဒေသန္တရအဆင့်   ဥက္ကဋ္ဌ နေရာ ရ၃၀ ရှိရာ ရ၁၂ နေရာ အတွက် ယမန်နေ့က ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပြီး ကျန် ၁၈ နေရာတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့သဖြင့် ရွှေ့ဆိုင်းခဲ့ရသည်ဟု သိရသည်။

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...