ဘင်္ဂလာဒေ့ရှ် ဒေသန္တရ ရွေးကောက်ပွဲအတွင်း အကြမ်းဖက်မှုကြောင့် လူဆယ်ဦးသေဆုံး၊ ထောင်နှင့်ချီ၍ ဒဏ်ရာရ

ဘင်္ဂလာဒေ့ရှ် ဒေသန္တရ ရွေးကောက်ပွဲအတွင်း အကြမ်းဖက်မှုကြောင့် လူဆယ်ဦးသေဆုံး၊ ထောင်နှင့်ချီ၍ ဒဏ်ရာရ
by -
နိရဥ္စရာ
ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ယမန်နေ့က ကျင်းပသော ဒေသန္တရ ရွေးကောက်ပွဲအတွင်း အကြမ်းဖက်မှုများကြောင့် အနည်းဆုံး လူ ၁၀ ဦးသေဆုံးခဲ့ပြီး လူပေါင်း ထောင်နှင့်ချီ၍ ဒဏ်ရာ ရရှိခဲ့သည်ဟု ဘင်္ဂလာနိုင်ငံထုတ် The Dailystar သတင်းစာ အရ သိရသည်။

သေဆုံးသူများထဲတွင် Pirojpur ခရိုင်မှ ၅ ဦးဖြစ်ပြီး လူပေါင်း ရာနှင့်ချီ၍ ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။ မြန်မာ နယ်စပ်အနီးရှိ ကော့စ်ဘဇားခရိုင်တွင် နှစ်ဦးသေဆုံးပြီး တစ်ခြားခရိုင်သုံးခုတွင် တစ်ဦးစီ သေဆုံးခဲ့သည်ဟု ဆိုသည်။

up poll bangladesh

ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် မြို့နယ် အဆင့် ဒေသန္တရ ရွေးကောက်ပွဲများ ကျင်းပနေရာ ယင်းရွေးကောက်ပွဲမှာ လာမည့် အထွေထွေ ရွေးကောက်ပွဲအတွက် အရေးကြီးသဖြင့် ၎င်းမြို့နယ် အဆင့် ဥက္ကဋ္ဌ နေရာအတွက် နို််င်ငံရေး ပါတီများ အကြား သူနိုင် ကိုယ်နိုင် ပြိုင်ဆိုင်နေကြခြင်း ဖြစ်သည်။

up poll Bangladesh

ဘင်္ဂလာဒေ့ရှ်တွင် ဒေသန္တရအဆင့်   ဥက္ကဋ္ဌ နေရာ ရ၃၀ ရှိရာ ရ၁၂ နေရာ အတွက် ယမန်နေ့က ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပြီး ကျန် ၁၈ နေရာတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့သဖြင့် ရွှေ့ဆိုင်းခဲ့ရသည်ဟု သိရသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...