ချင်းတိုင်းရင်းသား ၁၃၃ ဦး ဗုဒ္ဓအဆုံးအမ ခံယူမည်

ချင်းတိုင်းရင်းသား ၁၃၃ ဦး ဗုဒ္ဓအဆုံးအမ ခံယူမည်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ ချင်းတိုင်းရင်းသား မိသားစု ၂၇စု၊ လူဦးရေစုစုပေါင်း ၁၃၃ ဦးသည် ဗုဒ္ဓအဆုံးအမကို ခံယူမည် ဖြစ်ကြောင်း  သိရသည်။

NN11၎င်းချင်းတိုင်းရင်းသားများမှာ မင်းပြားမြို့နယ် မင်းကူးကျေးရွာအုပ်စု ဟေဇော်လေး ကျေးရွာမှ ဖြစ်ကြကြောင်း သတင်းရရှိသည်။

လာမည့် မတ်လ ၃၀ ရက်နေ့တွင် ဗုဒ္ဓအဆုံးအမပွဲတော်ကို တောင်ပေါ်ကျေးရွာတစ်ရွာဖြစ်သော  ဟေဇော်လေးကျေးရွာတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

မင်းပြားမြို့နယ် ဗွေစောင်ကျေးရွာတွင် သာသနာပြု လုပ်ငန်းများဆောင်ရွက်နေသော ဆရာတော် ဘဒ္ဒန္တဝီရိယ၏ စည်းရုံးဟောပြောမှုကြောင့် ချင်းတိုင်းရင်းသား ၁၃၃ ဦးသည် ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်လာကြသဖြင့် ဗုဒ္ဓ၏ အဆုံးအမကို ခံယူကြမည်ဖြစ်ကြောင်း သိရှိရသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...