Published
Tuesday, March 22, 2016
ချင်းတိုင်းရင်းသား ၁၃၃ ဦး ဗုဒ္ဓအဆုံးအမ ခံယူမည်
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ ချင်းတိုင်းရင်းသား မိသားစု ၂၇စု၊ လူဦးရေစုစုပေါင်း ၁၃၃ ဦးသည် ဗုဒ္ဓအဆုံးအမကို ခံယူမည် ဖြစ်ကြောင်း သိရသည်။
၎င်းချင်းတိုင်းရင်းသားများမှာ မင်းပြားမြို့နယ် မင်းကူးကျေးရွာအုပ်စု ဟေဇော်လေး ကျေးရွာမှ ဖြစ်ကြကြောင်း သတင်းရရှိသည်။
လာမည့် မတ်လ ၃၀ ရက်နေ့တွင် ဗုဒ္ဓအဆုံးအမပွဲတော်ကို တောင်ပေါ်ကျေးရွာတစ်ရွာဖြစ်သော ဟေဇော်လေးကျေးရွာတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
မင်းပြားမြို့နယ် ဗွေစောင်ကျေးရွာတွင် သာသနာပြု လုပ်ငန်းများဆောင်ရွက်နေသော ဆရာတော် ဘဒ္ဒန္တဝီရိယ၏ စည်းရုံးဟောပြောမှုကြောင့် ချင်းတိုင်းရင်းသား ၁၃၃ ဦးသည် ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်လာကြသဖြင့် ဗုဒ္ဓ၏ အဆုံးအမကို ခံယူကြမည်ဖြစ်ကြောင်း သိရှိရသည်။







