မဒဲကျွန်းဒေသခံတို့ တရုတ်ကုမ္ပဏီကို ဆန္ဒပြမည်

မဒဲကျွန်းဒေသခံတို့ တရုတ်ကုမ္ပဏီကို ဆန္ဒပြမည်
by -
နိရဥ္စရာ
ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ဒေသခံပြည်သူများသည် မြေယာလျော်ကြေးမရသဖြင့် တရုတ် ကုမ္ပဏီ (China National Petroleum Corporation – CNPC)ကို လာမည့် ဇူလိုင်လ ၂၉ ရက်နေ့တွင် ဆန္ဒပြမည်ဟု သတင်းရရှိသည်။

မဒဲကျွန်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ ဦးထွန်းကြည်က “ဆန္ဒဖော်ထုတ်ဖို့ မြို့နယ်မှူးဆီကို ဇူလိုင်လ ၂၂ ရက်နေ့က ခွင့်ပြုချက် တင်ထားလိုက်ပါပြီ။ ဇူလိုင်လ ၂၉ ရက်နေ့ ပြခွင့်ပြုဖို့ တောင်းခံထားပါတယ်”ဟု ဆိုသည်။

တရုတ်ကုမ္ပဏီသည် မြေယာဆုံးရှုံးမှုအတွက် လျော်ကြေးပေးမည်ဟု အကြိမ်ကြိမ် ကတိပေးထား သော်လည်း ကတိဖေါက်ဖျက်သဖြင့် ယခုလို ဆန္ဒပြရန် စီစဉ်ရခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

“လျော်ကြေးပေးမယ်ဆိုပြီး အကြိမ်ကြိမ် ကတိပြုထားပါတယ်။ ဒါပေမယ့် ယခုထိ လျော်ကြေး မပေးသေးတဲ့အတွက် ဆန္ဒဖော်ထုတ်ဖို့ စီစဉ်ရတာ ဖြစ်ပါတယ်”ဟု ဦးထွန်းကြည်က ဆက်လက် ပြောဆိုသည်။

တရုတ် CNPC ကုမ္ပဏီသည် မဒဲကျွန်းမှ မြေ ၁၁၂ ဧကကို သိမ်းယူထားပြီး မဒဲကျွန်းရဲစခန်းကလည်း စခန်းဆောက်ရန်  မြေ ၅ဧကကို သိမ်းယူထားသည်။ ယင်းမြေ စုစုပေါင်း ၁၁၇ ဧကကို  မဒဲကျွန်းဒေသခံ ၃၆ ဦး ပိုင်ဆိုင်ကြောင်း သိရသည်။

ရခိုင်ဒေသခံများ တရုတ်ကုမ္ပဏီကို ဆန္ဒပြရန် စီစဉ်နေချိန်တွင် ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် ဦးဆောင်သော ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များသည် တရုတ်ပြည်သို့ သွားရောက်လည်ပတ်လျက် ရှိနေသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...