တောင်မော်ဦးရေတပ်တိုက်ပွဲ အာဏာသိမ်းစစ်တပ်က လေယာဉ် ၅ စီးဖြင့် ခုခံနေရ

တောင်မော်ဦးရေတပ်တိုက်ပွဲ အာဏာသိမ်းစစ်တပ်က လေယာဉ် ၅ စီးဖြင့် ခုခံနေရ

ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း ပတ်ဝန်းကျင်တွင်ဖြစ်ပွားနေသော တိုက်ပွဲတွင်  မြန်မာအာဏာသိမ်းစစ်တပ်မှ အကျဆုံးများနေပြီး ထိုးစစ်ကနေ ခံစစ်အနေအထားသို့ ပြောင်းလဲသွားပြီးနောက် လေကြောင်းက လေယာဉ် ၅ စီးဖြင့် အသည်းအသန်ခုခံနေရသည်ဟု သတင်းရရှိသည်။

ဒေသခံ စစ်ရေးသတင်းရင်းမြစ်က"မနက်ကတည်းက ဖြစ်နေတာ၊ နေ့လယ်ဖက်ရောက်တော့ အထိခိုက်များနေပုံရတယ်။လေကြောင်းက စစ်ပွဲ ဧရိယာဝန်းကျင်ကို လာပစ်ကူတယ်"ဟု နိရဉ္စရာကို ပြောသည်။

တောင်မော်ဉီးရေတပ် ပတ်ဝန်းကျင်ကို ယနေ့ မေလ ၁၈ ရက် နေ့လယ် အချိန်တွင် ဂျက်ဖိုက်တာ ၄ စီး၊ Y12 တစီးဖြင့် လာရောက်ပြီး စစ်ကူပေးခဲ့သည်ဟု ဆိုသည်။

အာရက္ခတပ်တော် ထိန်းချုပ်ထားသောနေရာများကို စစ်အင်အားအလုံးအရင်းဖြင့်  အာဏာသိမ်းစစ်တပ်မှ မေလ ၁၀ နေ့ကစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သဖြင့်AA ကလည်း တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။

“ အဝတောင်ရွာ ကာကင်းစခန်းကို AA ကဆက်လက်ပြီး လိုက်လံကာ ထိုးစစ်ဖြင့်ချေမှုန်းစဉ်အကျဆုံးများလာတဲ့အတွက် အခုလို လေကြောင်း၊ရေကြောင်း၊လက်နက်ကြီး၊ဒရုန်းပါ အစုံပစ်ကူနေရတယ်” ဟု ၎င်းစစ်ရေးရင်းမြစ်က ဆက်လက်ပြောသည်။

ပထမ နေဗီများမှ လက်နက်ကြီးများဖြင့် ပစ်ကူသလို ဒရုန်းများဖြင့်လည်း တိုက်ခိုက်ကြောင်း၊ သို့သော်လည်း AA ၏ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်မှုကို မဟန့်တားနိုင်သဖြင့်  လေယာဉ်များကိုပါ နောက်ထပ် အသုံးပြု တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

"ပထမ ခါတော့ တိုက်ပွဲတွင်းကိုဒရုန်း၊လက်နက်ကြီး ၊နေဗီပစ်ကူတယ်။ဒီနေ့ထိ မရတော့ဘူးထင်တယ်.လေယာဉ် ၅ စီးတောင်လာပစ်ကူရတယ်"ဟုဆက်လက်ပြောဆိုသည်။

ပထမ ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်း အဝတောင်နှင့် မျော့ချောင်းကြားတွင် အကျဆုံးများပြီး ဒဏ်ရာရစစ်သည်များကို ဆွဲထုတ်ကာ ကျန်ရှိနေသည့်စစ်သားများမှ နောက်တန်းကစစ်ကူလာသည့်  စစ်ကြောင်းနှင့်ပေါင်းပြီး AA ကိုတိုက်ခိုက်နေသော်လည်းအကျဆုံးများဖြင့်သာဆက်လက် ရင်ဆိုင်နေရကြောင်းသိရှိရသည်။

အာဏာသိမ်းစစ်တပ်၏ ထိုးစစ်မှာ ယခုခံစစ်အနေထားသော ပြောင်းသွားပြီဖြစ်ကာတောင်မော်ဦးရေတပ်လုံခြုံရေးယူထားသော နောက်ချန် စစ်သားများကိုစခန်းကို ကာကွယ်ရန် ထွက်တိုက်နေရသောအခြေအနေသို့ ရောက်ရှိနေကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

Most read this week

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...