မဒဲကျွန်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ ဦးထွန်းကြည်က “ဆန္ဒဖော်ထုတ်ဖို့ မြို့နယ်မှူးဆီကို ဇူလိုင်လ ၂၂ ရက်နေ့က ခွင့်ပြုချက် တင်ထားလိုက်ပါပြီ။ ဇူလိုင်လ ၂၉ ရက်နေ့ ပြခွင့်ပြုဖို့ တောင်းခံထားပါတယ်”ဟု ဆိုသည်။
တရုတ်ကုမ္ပဏီသည် မြေယာဆုံးရှုံးမှုအတွက် လျော်ကြေးပေးမည်ဟု အကြိမ်ကြိမ် ကတိပေးထား သော်လည်း ကတိဖေါက်ဖျက်သဖြင့် ယခုလို ဆန္ဒပြရန် စီစဉ်ရခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
“လျော်ကြေးပေးမယ်ဆိုပြီး အကြိမ်ကြိမ် ကတိပြုထားပါတယ်။ ဒါပေမယ့် ယခုထိ လျော်ကြေး မပေးသေးတဲ့အတွက် ဆန္ဒဖော်ထုတ်ဖို့ စီစဉ်ရတာ ဖြစ်ပါတယ်”ဟု ဦးထွန်းကြည်က ဆက်လက် ပြောဆိုသည်။
တရုတ် CNPC ကုမ္ပဏီသည် မဒဲကျွန်းမှ မြေ ၁၁၂ ဧကကို သိမ်းယူထားပြီး မဒဲကျွန်းရဲစခန်းကလည်း စခန်းဆောက်ရန် မြေ ၅ဧကကို သိမ်းယူထားသည်။ ယင်းမြေ စုစုပေါင်း ၁၁၇ ဧကကို မဒဲကျွန်းဒေသခံ ၃၆ ဦး ပိုင်ဆိုင်ကြောင်း သိရသည်။
ရခိုင်ဒေသခံများ တရုတ်ကုမ္ပဏီကို ဆန္ဒပြရန် စီစဉ်နေချိန်တွင် ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် ဦးဆောင်သော ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များသည် တရုတ်ပြည်သို့ သွားရောက်လည်ပတ်လျက် ရှိနေသည်။







