၀ိှုက်ကတ်အစား အစိမ်းရောင်ကတ်တွေ ထုတ်ပေးမည်

၀ိှုက်ကတ်အစား အစိမ်းရောင်ကတ်တွေ ထုတ်ပေးမည်
by -
နိရဥ္စရာ
 မောင်တောခရိုင် လဝကရုံးတွင် ၀ိှုက်ကတ်များကို လက်ခံနေစဉ်)
မောင်တောခရိုင် လဝကရုံးတွင် ၀ိှုက်ကတ်များကို လက်ခံနေစဉ်)
မြန်မာနိုင်ငံတွင် ၀ိှုက်ကတ် ခေါ် အဖြူရောင် ယာယီသက်သေခံ လက်မှတ်အစား အစိမ်းရောင်ကတ်များကို ထုတ်ပေး သွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီက နေပြည်တော်တွင် သတင်းထောက်များကို မေလ ၃၀ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

ပြန်လည်အပ်နှံခဲ့သူများကို နိုင်ငံအတွင်း နေထိုင်ခွင့် ကတ်ပြားသစ်အဖြစ် အစိမ်းရောင်ကတ်တွေ ပြန်လည်ထုတ်ပေးမှာဖြစ်ကြောင်း၊ ပန်းရောင်နိုင်ငံသားကတ် လျှောက်ထားလို့မရခင်မှာ ယာယီသက်သေခံလက်မှတ် အပ်နှံသူတွေကို အထောက်အထားတစ်ခုအဖြစ် ထုတ်ပေးသွားမည် ဖြစ်ကြောင်း၊ ယင်းကတ်မှာ အစိမ်းနုရောင် ဖြစ်ကြောင်း  ဝန်ကြီးက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ၀ိူက်ကတ်ကိုင်ဆောင်သူ ခုနှစ်သိန်းကျော် အနက် ယနေ့အချိန်ထိ လေးသိန်းကျော် ပြန်အပ်ထားပြီး ၀ိူက်ကတ်များကို အပ်နှံရန် သက်ဆိုင်ရာမှ ၀ိူက်ကတ်ကိုဆောင်သူများကို ညွှန်ကြားထားသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...