Published
Tuesday, June 02, 2015
၀ိှုက်ကတ်အစား အစိမ်းရောင်ကတ်တွေ ထုတ်ပေးမည်
မောင်တောခရိုင် လဝကရုံးတွင် ၀ိှုက်ကတ်များကို လက်ခံနေစဉ်)
မြန်မာနိုင်ငံတွင် ၀ိှုက်ကတ် ခေါ် အဖြူရောင် ယာယီသက်သေခံ လက်မှတ်အစား အစိမ်းရောင်ကတ်များကို ထုတ်ပေး သွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီက နေပြည်တော်တွင် သတင်းထောက်များကို မေလ ၃၀ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။
ပြန်လည်အပ်နှံခဲ့သူများကို နိုင်ငံအတွင်း နေထိုင်ခွင့် ကတ်ပြားသစ်အဖြစ် အစိမ်းရောင်ကတ်တွေ ပြန်လည်ထုတ်ပေးမှာဖြစ်ကြောင်း၊ ပန်းရောင်နိုင်ငံသားကတ် လျှောက်ထားလို့မရခင်မှာ ယာယီသက်သေခံလက်မှတ် အပ်နှံသူတွေကို အထောက်အထားတစ်ခုအဖြစ် ထုတ်ပေးသွားမည် ဖြစ်ကြောင်း၊ ယင်းကတ်မှာ အစိမ်းနုရောင် ဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ၀ိူက်ကတ်ကိုင်ဆောင်သူ ခုနှစ်သိန်းကျော် အနက် ယနေ့အချိန်ထိ လေးသိန်းကျော် ပြန်အပ်ထားပြီး ၀ိူက်ကတ်များကို အပ်နှံရန် သက်ဆိုင်ရာမှ ၀ိူက်ကတ်ကိုဆောင်သူများကို ညွှန်ကြားထားသည်။







