မောင်တောမြို့ထဲတွင်မီးလောင်၊ ဆိုင်းခန်း ၂၁ ခန်းပျက်စီး

မောင်တောမြို့ထဲတွင်မီးလောင်၊ ဆိုင်းခန်း ၂၁ ခန်းပျက်စီး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့ထဲတွင် မေလ ၁၂ရက်နေ့က ညက မီးလောင်မှုဖြစ်ပွားရာ ဆိုင်ခန်း ၂၁ ခန်း မီးထဲပါသွားသည်ဟု သတင်းရရှိသည်။

“ဟုတ်ပါတယ်။ ဆိုင်ခန်း ၂၁ ခန်း မီးထဲပါသွားပါတယ်။ နှစ်ထပ် ဆိုင်ခန်းတွေပါ။ အကုန်လုံး လောင်တာတော့ မဟုတ်ပါဘူး။ တစ်ဝက် တစ်ပျက် ပျက်စီးသွားတာပါ။ ညနေ ၈ နာရီကနေ လောင်တာ  နံနက် အစောကြီး ၃ နာရီခန့်မှာ မီးညွှန့် ကျိုးသွားပါတယ်” ဟု မောင်တောမြို့နယ် ရဲမှူးက နိရဥ္စရာသို့ အတည်ပြုကြားသည်။

ဆုံးရှံုးမှု တန်ဖိုးမှာ ကျပ် သိန်းပေါင်း ၄၈၃ ခန့်ရှိသည်ဟု မြို့နယ် ရဲမှူးက ပြောဆိုသည်။

“လောင်တာကတော့ ပေါ့ဆမီးလို့ ယူဆရပါတယ်။ ခြင်ဆေးခွေ ထွန်းထားရာကနေ လောင်တာလို့ ယူဆရပါတယ်။ မူဆလင်တွေ ပိုင်တဲ့ ဆိုင်ခန်းတွေပါ။ အခု ဘယ်ဆိုင်ခန်းက စလောင်တယ်ဆိုတာ စုံစမ်း စစ်ဆေးနေပါတယ်” ဟု သူက ပြောဆိုသည်။

မီးလောင်မှုကြောင့် လူပေါင်း ၂၀ ခန့်ကို ဖမ်းဆီးထားကြောင်း သတင်းထွက်ပေါ်နေသော်လည်း ယင်းသတင်းမှာ မဟုတ်မှန်ကြောင်း စုံစမ်း စစ်ဆေးနေသည့် အဆင့်တွင်သာ ရှိသေးကြောင်း မြို့နယ်မှူးက ဖြည့်စွတ်ပြောဆိုသည်။

ယခု မီးလောင်သော ဆိုင်ခန်းများသည် မောင်တော ဗလီကြီးရှေ့တွင် တည်ရှိသော ဆိုင်ခန်းများ ဖြစ်ကြပြီး ယင်းဆိုင်ခန်းများတွင် အိမ်ဆောက် ပစ္စည်းများ၊ ငါးဖမ်းပိုက်များ၊ ပလပ်စတစ် ကြိုးများနှင့် လူသုံး အလှကုန် ပစ္စည်းများ ရောင်းချကြသည်ဟု သိရသည်။

မီးလောင်နေစဉ်အတွင်း မောင်တောမှ မီးသတ်ကား နှစ်စီးနှင့် ဘူးသီးတောင်မှ မီးသတ်ကား နှစ်စီးမှ ၀ုိင်းဝန်း ငြိမ်းသတ်ခဲ့ရသည်ဟု သိရသည်။

ယခုအခါ မီးလောင်မှုကို စုံစမ်းနေပြီး မီးလောင်မှုနှင့် ဆက်စပ်သူများကို ဥပဒေနဲ့အညီ ဆောင်ရွက်သွားပါမည်ဟု သိရသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...