“ဟုတ်ပါတယ်။ မြို့နယ် တရားရုံးမှာ ရမန်ယူပါတယ်။ တပ်က ရမန်ယူတာ ဖြစ်ပါတယ်။ တပ်က စစ်ဆေးစရာရှိတာကြောင့် ရမန်ယူတဲ့အတွက် ကျွန်တော်တို့ အနေနဲ့ အသေးစိတ် ပြောဆိုဖို့ အခက်အခဲ ရှိပါတယ်” ဟု ကျောက်တော်မြို့ ရဲစခန်းမှူးက ပြောကြားသည်။
ဖမ်းဆီးထားသူ ၁၇ ဦးမှာ ကျောက်ဖြူ၊ ရသေ့တောင်နှင့် မင်းပြားမြို့နယ်တို့က ဖြစ်ပြီး ကျောက်တော်မြို့ သို့ မေလ ၂ ရက်နေ့က ပို့ဆောင်ခံထားရသူများ ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံထားရသူများအား ကျောက်တော်မြို့ ရဲစခန်းတွင် ချုပ်နှောင်ထားပြီး စစ်ဆေးမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု သိရသည်။ သို့သော် တစ်ခြား သတင်းတစ်ရပ်တွင် တိုက်ပွဲ ဖြစ်ပွားရာဒေသများမှ ဖမ်းဆီးခံထားရသူများကို စစ်တပ်က ပြန်လည် လွှတ်ပေးလိုက်သည်ဟု ဖော်ပြသည်။
“လွှတ်ပေးလိုက်တဲ့ အထဲမှာ ၀ဲကြီးထောင့်ရွာက ၂ ဦး၊ လင့်စင်ရွာသစ်က ၁၁ ဦး၊ စုစုပေါင်း ၁၃ ဦး ပြန်လွှတ်မြောက် လာပါတယ်။ ကျန်တာကတော့ သုံးယောက်ကျန်ပါသေးတယ်” ဟု အဆိုပါ ဒေသသို့ လူမှုရေး အကူအညီ သွားပေးခဲ့သူ ကျောက်တော် အမျိုး သမီး ကွန်ရက်မှ ဒေါ်လှမေက ပြောဆိုသည်။
၀ဲကြီးထောင့်ကျေးရွာမှ ၃ ယောက် အဖမ်းဆီးခံထားရရာတွင် နှစ်ဦးလွှတ်မြောက်လာပြီး ဦးကျော်ထွန်း (၅၂) နှစ် ဆိုသူမှာ ဆက်လက် ဖမ်းဆီးခံထားဆဲ ဖြစ်ကြောင်း သိရသည်။







