ရခိုင်ပြည်နယ်တွင် ဖမ်းဆီးခံထားသူ ၁၇ ဦးကို တရားရုံးတင်ပြီး ရမန်ယူ

ရခိုင်ပြည်နယ်တွင် ဖမ်းဆီးခံထားသူ ၁၇ ဦးကို တရားရုံးတင်ပြီး ရမန်ယူ
by -
နိရဥ္စရာ
မင်းပြား၊ ရသေ့တောင်နှင့် ကျောက်ဖြူမြို့ အပါအဝင် ရခိုင်ပြည်နယ် အနှံ့အပြားမှ ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်သည်ဟု ဆိုကာ သံသယဖြင့် ဖမ်းဆီးထားသူ ၁၇ ဦးအား မေလ ၄ ရက်နေ့က ကျောက်တော်မြို့နယ် တရားရုံးကိုတင်ကာ စစ်ဆေးရန် ရမန်ယူသွားသည်ဟု သိရသည်။

“ဟုတ်ပါတယ်။ မြို့နယ် တရားရုံးမှာ ရမန်ယူပါတယ်။ တပ်က ရမန်ယူတာ ဖြစ်ပါတယ်။ တပ်က စစ်ဆေးစရာရှိတာကြောင့် ရမန်ယူတဲ့အတွက် ကျွန်တော်တို့ အနေနဲ့ အသေးစိတ် ပြောဆိုဖို့ အခက်အခဲ ရှိပါတယ်” ဟု ကျောက်တော်မြို့ ရဲစခန်းမှူးက ပြောကြားသည်။

ဖမ်းဆီးထားသူ ၁၇ ဦးမှာ ကျောက်ဖြူ၊ ရသေ့တောင်နှင့် မင်းပြားမြို့နယ်တို့က ဖြစ်ပြီး  ကျောက်တော်မြို့ သို့ မေလ ၂ ရက်နေ့က ပို့ဆောင်ခံထားရသူများ ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူများအား ကျောက်တော်မြို့ ရဲစခန်းတွင် ချုပ်နှောင်ထားပြီး စစ်ဆေးမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု သိရသည်။ သို့သော် တစ်ခြား သတင်းတစ်ရပ်တွင် တိုက်ပွဲ ဖြစ်ပွားရာဒေသများမှ ဖမ်းဆီးခံထားရသူများကို စစ်တပ်က ပြန်လည် လွှတ်ပေးလိုက်သည်ဟု ဖော်ပြသည်။

“လွှတ်ပေးလိုက်တဲ့ အထဲမှာ ၀ဲကြီးထောင့်ရွာက ၂ ဦး၊ လင့်စင်ရွာသစ်က ၁၁ ဦး၊ စုစုပေါင်း ၁၃ ဦး ပြန်လွှတ်မြောက် လာပါတယ်။ ကျန်တာကတော့ သုံးယောက်ကျန်ပါသေးတယ်” ဟု အဆိုပါ ဒေသသို့ လူမှုရေး အကူအညီ သွားပေးခဲ့သူ ကျောက်တော် အမျိုး သမီး ကွန်ရက်မှ ဒေါ်လှမေက ပြောဆိုသည်။

၀ဲကြီးထောင့်ကျေးရွာမှ ၃  ယောက် အဖမ်းဆီးခံထားရရာတွင် နှစ်ဦးလွှတ်မြောက်လာပြီး ဦးကျော်ထွန်း (၅၂) နှစ် ဆိုသူမှာ ဆက်လက် ဖမ်းဆီးခံထားဆဲ ဖြစ်ကြောင်း သိရသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...