ရခိုင်လုပ်ကွက် AD.10 တွင် နိုင်ငံခြားကုမ္ပဏီများမှ လေ့လာရေးနှင့် ရှာဖွေရေးအတွက် ကန်ဒေါ်လာ ၃၂၃ သန်းကျော် သုံးစွဲမည်

ရခိုင်လုပ်ကွက် AD.10 တွင် နိုင်ငံခြားကုမ္ပဏီများမှ လေ့လာရေးနှင့် ရှာဖွေရေးအတွက် ကန်ဒေါ်လာ ၃၂၃ သန်းကျော် သုံးစွဲမည်
by -
နိရဥ္စရာ
မြန်မာ အစိုးရနှင့် မကြာမီက စာချုပ် ချုပ်ဆိုလိုက်သော စင်္ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် နော်ဝေအခြေစိုက် Statoil Myanmar Private Limited နှင့် Conoco Phillips Myanmar E & P Pte. Ltd. တို့သည် ရခိုင်ကမ်းလွန် ရေနံ လုပ်ကွက် AD.10 အတွက် လေ့လာရေးနှင့် ရှာဖွေရေးအတွက် အမေရိကန် ဒေါ်လာ ၃၂၃ ဒသမ ၆၅ သန်းသုံးစွဲသွားမည်ဟု သိရသည်။

ယင်းငွေများကို လေ့လာရေးကာလ နှစ်နှစ်နှင့် ရှာဖွေရေးကာလ ၆ နှစ်အတွင်း အနည်းဆုံး ပမာဏအနေဖြင့် သုံးစွဲသွားမည်ဟု ဆိုသည်။

နော်ဝေအခြေစိုက် Statoil Myanmar Private Limited နှင့် Conoco Phillips Myanmar E& P Pte. Ltd. တို့သည် ရခိုင်ကမ်းလွန် ရေနက် ရေနံလုပ်ကွက် AD. 10 အတွက် ထုတ်လုပ်မှု အပေါ် ခွဲဝေ ခံစားရေး  စာချုပ် ( Production Sharing Contract) ကို စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းနှင့် ယခုနှစ် ဧပြီလ ၃၀ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ယခုလက်မှတ်ရေထိုးခြင်းသည် ကမ်းလွန်လုပ်ကွက် တင်ဒါခေါ်ယူခဲ့ခြင်း အတွက် (၁၁) ကြိမ်မြောက် လက်မှတ်ရေးထိုးခြင်း ဖြစ်ပြီး ယင်းသဘောတူ စာချုပ်မှ အစိုုးရအနေဖြင့် Signature Bonus အမေရိကန် ဒေါ်လာ ၅ သန်းနှင့် Data Fee အမေရိကန် ဒေါ်လာ နှစ်သိန်း ရရှိမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြား ရေနံကုမ္ပဏီများအနေဖြင့် ပတ်ဝန်းကျင်နှင့် လူမှုရေး ဆန်းစစ်လေ့လာခြင်း လုပ်ငန်းများ ( EIA/SIA) များကို သက်ဆိုင်ရာ လုပ်ကွက်များတွင် ပြုလုပ်သွားမည်ဟု သိရသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...