ရခိုင်လုပ်ကွက် AD.10 တွင် နိုင်ငံခြားကုမ္ပဏီများမှ လေ့လာရေးနှင့် ရှာဖွေရေးအတွက် ကန်ဒေါ်လာ ၃၂၃ သန်းကျော် သုံးစွဲမည်

ရခိုင်လုပ်ကွက် AD.10 တွင် နိုင်ငံခြားကုမ္ပဏီများမှ လေ့လာရေးနှင့် ရှာဖွေရေးအတွက် ကန်ဒေါ်လာ ၃၂၃ သန်းကျော် သုံးစွဲမည်
by -
နိရဥ္စရာ
မြန်မာ အစိုးရနှင့် မကြာမီက စာချုပ် ချုပ်ဆိုလိုက်သော စင်္ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် နော်ဝေအခြေစိုက် Statoil Myanmar Private Limited နှင့် Conoco Phillips Myanmar E & P Pte. Ltd. တို့သည် ရခိုင်ကမ်းလွန် ရေနံ လုပ်ကွက် AD.10 အတွက် လေ့လာရေးနှင့် ရှာဖွေရေးအတွက် အမေရိကန် ဒေါ်လာ ၃၂၃ ဒသမ ၆၅ သန်းသုံးစွဲသွားမည်ဟု သိရသည်။

ယင်းငွေများကို လေ့လာရေးကာလ နှစ်နှစ်နှင့် ရှာဖွေရေးကာလ ၆ နှစ်အတွင်း အနည်းဆုံး ပမာဏအနေဖြင့် သုံးစွဲသွားမည်ဟု ဆိုသည်။

နော်ဝေအခြေစိုက် Statoil Myanmar Private Limited နှင့် Conoco Phillips Myanmar E& P Pte. Ltd. တို့သည် ရခိုင်ကမ်းလွန် ရေနက် ရေနံလုပ်ကွက် AD. 10 အတွက် ထုတ်လုပ်မှု အပေါ် ခွဲဝေ ခံစားရေး  စာချုပ် ( Production Sharing Contract) ကို စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းနှင့် ယခုနှစ် ဧပြီလ ၃၀ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ယခုလက်မှတ်ရေထိုးခြင်းသည် ကမ်းလွန်လုပ်ကွက် တင်ဒါခေါ်ယူခဲ့ခြင်း အတွက် (၁၁) ကြိမ်မြောက် လက်မှတ်ရေးထိုးခြင်း ဖြစ်ပြီး ယင်းသဘောတူ စာချုပ်မှ အစိုုးရအနေဖြင့် Signature Bonus အမေရိကန် ဒေါ်လာ ၅ သန်းနှင့် Data Fee အမေရိကန် ဒေါ်လာ နှစ်သိန်း ရရှိမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြား ရေနံကုမ္ပဏီများအနေဖြင့် ပတ်ဝန်းကျင်နှင့် လူမှုရေး ဆန်းစစ်လေ့လာခြင်း လုပ်ငန်းများ ( EIA/SIA) များကို သက်ဆိုင်ရာ လုပ်ကွက်များတွင် ပြုလုပ်သွားမည်ဟု သိရသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...