ယင်းငွေများကို လေ့လာရေးကာလ နှစ်နှစ်နှင့် ရှာဖွေရေးကာလ ၆ နှစ်အတွင်း အနည်းဆုံး ပမာဏအနေဖြင့် သုံးစွဲသွားမည်ဟု ဆိုသည်။
နော်ဝေအခြေစိုက် Statoil Myanmar Private Limited နှင့် Conoco Phillips Myanmar E& P Pte. Ltd. တို့သည် ရခိုင်ကမ်းလွန် ရေနက် ရေနံလုပ်ကွက် AD. 10 အတွက် ထုတ်လုပ်မှု အပေါ် ခွဲဝေ ခံစားရေး စာချုပ် ( Production Sharing Contract) ကို စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းနှင့် ယခုနှစ် ဧပြီလ ၃၀ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့သည်။
ယခုလက်မှတ်ရေထိုးခြင်းသည် ကမ်းလွန်လုပ်ကွက် တင်ဒါခေါ်ယူခဲ့ခြင်း အတွက် (၁၁) ကြိမ်မြောက် လက်မှတ်ရေးထိုးခြင်း ဖြစ်ပြီး ယင်းသဘောတူ စာချုပ်မှ အစိုုးရအနေဖြင့် Signature Bonus အမေရိကန် ဒေါ်လာ ၅ သန်းနှင့် Data Fee အမေရိကန် ဒေါ်လာ နှစ်သိန်း ရရှိမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြား ရေနံကုမ္ပဏီများအနေဖြင့် ပတ်ဝန်းကျင်နှင့် လူမှုရေး ဆန်းစစ်လေ့လာခြင်း လုပ်ငန်းများ ( EIA/SIA) များကို သက်ဆိုင်ရာ လုပ်ကွက်များတွင် ပြုလုပ်သွားမည်ဟု သိရသည်။







