မုုဒိန်းပြုကျင့်သူ တပ်ဖွဲ့ဝင်အား စစ်ခုံရုုံးဖြင့် အရေးယူမည်

မုုဒိန်းပြုကျင့်သူ တပ်ဖွဲ့ဝင်အား စစ်ခုံရုုံးဖြင့် အရေးယူမည်

ကျောင်းအုပ်ဆရာမကြီးအား အလိုုမတူပဲ သားမယားပြုကျင့်ခဲ့သော ရဲဘော်များအား တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က စစ်ခုံရုံုးဖြင့် အရေးယူသွားမည်ဟု သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုုင်းအိုုက်ကျော်က ပြောသည်။

“ကျနော်တို့မှာလည်း စစ်ဥပဒေရှိတယ်။ အဲမှာစစ်ဥပဒေအရ ဒီစစ်ခုံရုံးက သူက စစ်ဆေးပြီးမှ အရေးယူဆောင် ရွက်သွားလိမ့်မယ်။ လက်ရှိကတော့ အဲ ၂ ယောက်ကတော့ ကျနော်တို့ အချုပ်ထဲမှာ ထည့်ထားပြီ။ ပြစ်မှုကတော့ ကျနော်တို့ စစ်ဥပဒေအရကတော့ သူက ထောင်ဒဏ်တစ်နှစ်ကနေ သေဒဏ်အထိရှိတယ်။ သူပြစ်မှုအရ ဖြစ်တဲ့ အမှုက ကြီးလေးရင် ကြီးလေးသလို အတင်းအဓမ္မပြုကျင့်မှုဆိုတော့ ကျနော်တို့ အဲဒီပုဒ်မအရ ဆိုတော့ တစ်နှစ် ကနေ သေဒဏ်အထိရှိတယ်”

ကျောင်းအုပ် ဆရာမကြီးအား မတရားပြုကျင့်ခဲ့သည့် ၎င်းတို့၏ တပ်သား ၂ ဦးအား TNLA က ဖမ်းဆီးချုပ်နှောင်ထားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် မန်ခေါက်ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးအား (PSLF/TNLA) မှ တပ်သား ၂ ဦးက ဖမ်းဆီးကာ မတရား ပြုကျင့်ခဲ့သည်မှာ ဟုတ်မှန်ကြောင်း PSLF/TNLA မှ အတည်ပြု ပြော ဆိုသည်။

“၂၅ ရက်နေ့ မနက် ၁ နာရီ ကျောက်မဲမြို့နယ် မန်ခေါက်ရွာမှာဟုတ်တယ်။ အကြောင်းအရာ အသေးစိတ်ကတော့ ကျနော်တို့ မသိဘူး။ ဒါပေမယ့် ကျနော်တို့လူ ဟုတ်တာတော့မှန်တယ်” ဗိုလ်မှူး မိုင်းအိုက် ကျော်က ပြောသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး အောက်တိုဘာ ၂၅ ရက်နေ့က ကျောက်မဲမြို့နယ် ပညာရေးမှူးမှ မြို့နယ် အုပ်ချုပ် ရေးမှူးထံသို့ တိုင်ကြားစာ ပေးပို့ထားပြီး ထိုစာထဲတွင် ကျောက်မဲမြို့နယ် မန်ခေါက်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ နံနက် ၁းဝဝ နာရီ အချိန်ခန့်တွင် TNLA လက်နက်ကိုင် အဖွဲ့အစည်းမှ စစ်သား ၂ ဦးသည် ကျောင်းအုပ်ဆရာမကြီး နေအိမ်အတွင်းသို့ လက်နက်များကိုင်ဆောင်လျှက် ၀င်ရောက်ခဲ့ပြီး နေအိမ် အတွင်း၌ ပစ္စည်များအား ရှာဖွေယူဆောင်ကာ ကျောင်းဆရာမကြီးအား နေအိမ်ပြင်ပသို့ ခေါ်ထုတ်၍ စစ်သား ၂ ဦးမှ အဓမ္မပြုကျင့်ခဲ့ကြောင်းနှင့် ကျောင်းဆရာမကြီး၏ လက်ကိုင် ဖုန်း ၂ လုံးအား ယူဆောင် သွားကာနံနက် ၃းဝဝ အချိန်ခန့်မှ ပြန်လည်ထွက် ခွာသွားသည်ဟု ပါရှိသည်။

ကျောက်မဲမြို့နယ် ပညာရေးမှူးရုံး အနေဖြင့်လည်း မတရားပြုကျင့်ခံရသည့် ကျောင်းဆရာမကြီးအတွက် တရားမျှတမှုရရှိရန် ဥပဒေအတိုင်း ရောက်ရွက်နေကြောင်း၊ လက်ရှိတွင် ကျောင်းအုပ် ဆရာမကြီးနှင့် တာဝန်ကျနေသည့် ကျောင်းဆရာမ ၁၄ ဦးမှာ စိုးရိမ်ထိတ်လန့် နေကြသည့်အတွက် ကျောက်မဲမြို့ပေါ်သို့ ခေါ်ထားရကြောင်း နှင့် ကျောင်းဆရာမများမှာ လုံခြံုရေးအရ ကျောက်မဲမြို့ပေါ်တွင် လာရောက်ခိုလှုံနေသည့်အတွက် မန်ခေါက် ကျေးရွာရှိ ကျောင်းအား ခေတ္တပိတ်ထားရကြောင်း ကျောက်မဲ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၂) စိုင်းဉာဏ်လင်း က ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စိုင်းဉာဏ်လင်းက “ကျနော်တို့ ဒီလိုမျိုးတခါမှတော့ မုဒိန်းကိစ္စက မကြံုဖူးဘူးပေါ့ လေ။ သွားရင်းလာရင်းနဲ့ မိုင်းထိတာတို့ လက်နက်ကိုင် ပဋိပက္ခတွေကြားထဲမှာ လူထုတွေ ကောင်းကောင်း အလုပ်မလုပ်နို်င်တာတို့ ဒီဆတ်ကြေးပေးရတာတို့ အဲ့လောက်တော့ ကြားဖူးတယ်။ ဒီလိုမျိုး မုဒိန်းကျင့်တဲ့ ရာဇဝတ်မှုမျိုးကိုတော့ တခါမှ မကြံုဖူးဘူး။ ဒါပထမဆုံးကြံုရတဲ့ အနေအထားပေါ့လေ။ ဒါက တော်တော်ဆိုးတယ်။ ဘယ်လိုရှုထောင့်ကနေပဲ ကြည့်ကြည့် ရာဇဝတ်မှုမြောက်တယ်လေ။ ဒါကို သက်ဆိုင်ရာ ရဲစခန်းမှာလည်း ပညာရေးဌာနက အမှုဖွင့်ထားပြီဆိုတော့ လက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက်တာဆိုတော့ ဘယ်လိုဆောင် ရွက်မလဲဆိုတာ နည်းနည်းတော့ ချင့်ချိန်ပြီးတော့ ဆောက်ရွက်ရမယ်ပေါ့လေ။ စစ်ရေးစစ်ရာနဲ့ ပတ်သက်နေတယ်” ဟု ဆက် ပြောသည်။

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သည် ရှမ်းပြည်မြောက်ပိုုင်း မြို့နယ် အတော်များများတွင် ထိန်းချုပ်နယ်မြေများ ဖော်ထုုတ်ပြီး လှုပ်ရှားမှုများ ရှိနေသည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...